Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်မွေးနေ့ဆုမွန်လွှာ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီပေးပို့

ဧရာ၀တီဖက်ဒရယ်ကောင်စီကို ယခုနှစ်ဆန်းပိုင်း၌ ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်အားလုံးဖျက်သိမ်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်တည်ဆောက်ရေး ရည်ရွယ်ထားကြောင်း အသိပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်မွေးနေ့ဆုမွန်လွှာ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီပေးပို့
ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်မွေးနေ့ဆုမွန်လွှာ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီပေးပို့

“နွေဦးတော်လှန်ရေးနဲ့ လူထုရဲ့ သဘောထားအပေါ်မှာ အမြဲတမ်းရပ်တည်နိုင်မယ်လို့ မျှော်လင့်တယ်” – ပဒိုမန်းမန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက်တော်လှန်သော မွေးနေ့ဆုမွန်လွှာကို ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီက ယနေ့ထုတ်ပြန်ခဲ့ရာ အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်း အောင်ပွဲခံနိုင်ပါစေဟု ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေကြောင်း ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ဆုမွန်လွှာ၌ ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် မတရားသဖြင့် နှစ်ရှည်နေအိမ်အကျယ်ချုပ်ချခံခဲ့ရကြောင်း ထို့အတူ ၂၀၂၀ရွေးကောက်ပွဲ အပြီးတွင်လည်း မတရားစွပ်စွဲမှုများ၊ ပုဒ်မများဖြင့် ထပ်မံ အကျဉ်းချခံရသည်ကို ယခုတိုင် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်အတူ မြန်မာနိုင်ငံ၏ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ဧရာ၀တီပြည်နယ်ဖက်ဒရယ်ကောင်စီမှ များစွာလေးစားဂုဏ်ယူရပါသည်ဟု မွေးနေ့ဆုမွန်လွှာ၌ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယခုကျရောက်မည့် (၇၈)နှစ်မြောက်တော်လှန်သော မွေးနေ့မှသည် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ပြည်သူလူထု ဦးဆောင်သော နွေဦးတော်လှန်ရေးနှင့်တူ စစ်အာဏာရှင်စနစ် အား အမြစ်ပြတ်ချေမှုန်း၍ အောင်ပွဲခံနိုင်ပါစေကြောင်း ဧရာ၀တီပြည်နယ်ဖက်ဒရယ်ကောင်စီက ထပ်လောင်းဆုမွန်ကောင်းတောင်းဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဧရာ၀တီဖက်ဒရယ်ကောင်စီကို ယခုနှစ်ဆန်းပိုင်း၌ ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်အားလုံးဖျက်သိမ်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်တည်ဆောက်ရေး ရည်ရွယ်ထားကြောင်း အသိပေးထားသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုမန်းမန်းအား ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရစကား ပြောကြားပေးရန်မေးမြန်းရာလူထုနှင့်အတူ အမြဲရပ်တည်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

“နွေဦးတော်လှန်ရေးနဲ့ လူထုရဲ့သဘောထားအပေါ်မှာ အမြဲတမ်းရပ်တည်နိုင်မယ်လို့ မျှော်လင့်တယ်”ဟု ပဒိုမန်းမန်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။