Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

စစ်ကောင်စီတပ်မှ ပစ်ခတ်သော (၁၂၀) မမ လက်နက်ကြီးကျည်များသည် ဘန်လောရွာအနီး ရေပေါ်ရွာဘုရားကုန်းသို့ကျရောက်သဖြင့် ဘုရားရင်ပြင်တော်ထိခိုက်ပျက်စီးသည့်အပြင် စေတီတော်တွင်လည်း လက်နက်ကြီးဆများ ထိမှန်ခဲ့ကြောင်း သိရသည်။

(စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ ပျက်စီးသွားသော ဘုရားကုန်းအား တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)
(စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ ပျက်စီးသွားသော ဘုရားကုန်းအား တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကါယ်ရေးတပ်(PDF)ပူးပေါင်းတပ်များ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)မှ အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းသည် ဇွန်လ ၁၇ ရက်ကစပြီး ဘန်လောရွာနှင့် သမီးလှအရှေ့ကမ်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာရာ မြိတ်ခရိုင် PDF တပ်ရင်း(၂)၊ တနင်္သာရီ (ပကဖ)၊ KTLA-TCJF(တနင်္သာရီ)၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း စသည့် မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ ၅၆၁ တပ်ထဲကနေထွက်တာနဲ့ ပထမဆုံးတွေ့ရတာက (၆)မိုင်ရွာဗျ၊ အဲဒီကနေ ဆက်သွားရင် ဘန်လောရွာ၊ ဘန်လောကနေ တခူရွာအထိက ကျွန်တော်တို့ နယ်မြေစိုးမိုးထားတယ်ဗျ။ ဒါကြောင့်ဒီကောင်တွေဘက်က စစ်ကြောင်းတက်ထိုးတာ”ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် PDF တပ်ပေါင်းစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာများသို့ စစ်တပ်က နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၁၇ ရက်မှ ၁၉ရက်အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၃၀ ဦးခန့် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်စစ်ရေးတင်းမာခဲ့သည့် သုံးရက်တာအတွင်း စစ်ကောင်စီတပ်က မြယာချောင်းကျေးရွာမှ (၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘန်လေရွာမှ အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် လက်နက်ကြီးဆမှန်၍ အရေးပေါ်ကုသမှုခံယူထားရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော (၁၂၀) မမ လက်နက်ကြီးကျည်များသည် ဘန်လောရွာအနီး ရေပေါ်ရွာဘုရားကုန်းသို့ကျရောက်သဖြင့် ဘုရားရင်ပြင်တော်ထိခိုက်ပျက်စီးသည့်အပြင် စေတီတော်တွင်လည်း လက်နက်ကြီးဆများ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် PDF ပူးပေါင်းတပ်များ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုကြောင့် အထိနာပြီး ယမန်နေ့(ဇွန် ၁၉)ညနေပိုင်းတွင်မှ ၎င်းတို့၏ အထိုင်တပ် ခမရ(၅၆၁)သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။