Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ KIO ရုံးတစ်ခု စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး၊ သေဆုံးထိခိုက်ဖမ်းဆီးခံရသူများရှိ

ဒေသတွင်း ကချင်သတင်းဌာန KNG ၏ ဖော်ပြချက်တွင် အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ၁၂ဦး ထိခိုက်မှုရှိခဲ့ပြီး ယင်းအနက် သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ဖမ်းဆီးခံရသူများရှိသည်ဟု ဆိုသည်။

(KIO ရုံးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - The 74 Media)
(KIO ရုံးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - The 74 Media)

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဇွန်လ ၂၀ရက်ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံက ပြောသည်။

ဒေသတွင်း ကချင်သတင်းဌာန KNG ၏ ဖော်ပြချက်တွင် အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ၁၂ဦး ထိခိုက်မှုရှိခဲ့ပြီး ယင်းအနက် သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ဖမ်းဆီးခံရသူများရှိသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ဖားကန့်ဒေသခံသတင်းရင်းမြစ်တစ်ဦးက “နည်းနည်းအပစ်အခတ် ဖြစ်တယ် လို့ ကြားတယ်။ မနေ့ကညက နဲ့ ဒီနေ့မနက်ပိုင်းလေး ဖြစ်တယ်လို့ကြားတယ်”ဟု ဇွန်လ ၂၁ရက် တွင် People’s Spring သို့ ပြောသည်။ ထိခိုက် သေဆုံးအခြေအနေ အသေးစိတ် မသိရသေးဟု ၎င်းက ပြောသည်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း” ကျနော်တို့လည်း သတင်းလိုက်စုံစမ်းနေတာ။ သုံးယောက်သေတယ် ၇ယောက်က ဒဏ်ရာရတယ်ပြောတယ်”ဟု ပြောသည်။ သေဆုံးထိခိုက်သူများမှာ KIO ဝန်ထမ်းများ ဟုတ်၊မဟုတ် မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

အဆိုပါရုံး၌ KIOက ဖမ်ဆီးထားသူ ၂၀ ကျော်ရှိပြီး ၎င်းတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် အနီးဝန်းကျင်၌ နေထိုင်သူများကိုပါ စစ်ကောင်စီတပ်က ဖမ်းသွားကြောင်း ကချင်ဒေသ သတင်းဌာနများက ဖော်ပြထားသည်ကို တွေ့ရသည်။

ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် The 74 Media တွင် စီးနင်းတိုက်ခိုက်ခံရသည့် ရုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကိုပါ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။