Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဇွန်လ ၂၁ ရက် ည ၁၂ နာရီကျော်ခန့်က ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - UKSY)

ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၁ ရက် ည ၁၂ နာရီကျော်ခန့်က ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – UKSY)

“စုစုပေါင်း အိမ်ခြောက်လုံးလောက်ပျက်စီးသွားတယ် ။ကိုယ့်ညီမ အိမ်တစ်လုံးလုံးပျက်စီးတာ။ လူတွေတော့ ဘုရားသခင်ကယ်တယ်”ဟု ဖရူဆိုဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၅ ရက်မှ ယနေ့အထိ ဖရူဆိုမြို့နယ်တွင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိခဲ့ကြောင်းလည်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – UKSY)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်မေလကုန်ပိုင်းအထိ ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာခဲ့ပြီး နှစ်နှစ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့အပြင် တရားမဲ့သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၅၂ဦး သေဆုံးခဲ့ရပြီး၊ ၁၆၂ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မကြာသေးမီရက်ပိုင်းကလည်း မိုးဗြဲမြို့တွင်း ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်က ရွာသား ၂၈ ဦးအား ရက်ရက်စက်စက်အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။