Connect with us

Hi, what are you looking for?

News

နှစ်ပေါင်း၂၀အတွင်းမတွေ့ကြုံဖူးတဲ့ ဆင်းရဲမွဲတေမှုကို မြန်မာပြည်သူတွေ ရင်ဆိုင်နေရတယ်လို့ ကုလထိပ်တန်းအရာရှိပြော

ဒီအကြပ်အတည်းဟာ စစ်တပ်က နိုင်ငံရဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့လို့ လူထုပါဝင်တဲ့ပဋိပက္ခတိုးပွားလာခြင်းကြောင့်နဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတတိယလှိုင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် Andrew Kirkwood က ပြောပါတယ်။

မြန်မာပြည်သူလူထုဟာ အနည်းဆုံးနှစ်ပေါင်း ၂၀ အတွင်းမတွေ့ကြုံဖူးတဲ့ ဆင်းရဲမွဲတေမှု ရေချိန်နဲ့ ကြီး မားတဲ့အကြပ်အတည်းမှာ နေထိုင်နေရတယ်လို့ ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းအရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှု အကြီးအကဲ Andrew Kirkwood ဟာ ကုလသမဂ္ဂသတင်းထောက်တွေကို အွန်လိုင်းသတင်းစာရှင်းလင်း ပွဲ(Virtual briefing)ကနေ ပြောဆိုခဲ့ တာဖြစ်ပြီး နိုင်ငံအတွင်း အကူအညီလိုအပ်တဲ့ပြည်သူဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်း ၃ ဆ တိုးလာကာ လူဦးရေ ၃ သန်းအထိရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူ သန်း ၂၀ဟာ ဆင်းရဲမွဲတေနေကြပြီး ဒီအရေအတွက် လူဦးရေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဖြစ်ပါတယ်။

ဒီအကြပ်အတည်းဟာ စစ်တပ်က နိုင်ငံရဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့လို့ လူထုပါဝင်တဲ့ပဋိပက္ခတိုးပွားလာခြင်းကြောင့်နဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတတိယလှိုင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် Andrew Kirkwood က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သက်ရောက်မှုကြီးကြီးမားမားပဲ ဒီမှာက အကြပ်အတည်းဖြစ်နေပါပြီ။ အခြားသောအကြပ်အတည်းတွေထက် ပိုမိုကြီးမားတဲ့ အကြပ်အတည်းပဲဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကတောင်းဆိုထားတဲ့ ရန်ပုံငွေထက်လျော့နည်းစွာရရှိနေတာကလည်း အခြားသောအရေးပါတဲ့အကြောင်းအချက်ဖြစ်တယ်လို့လည်း Kirkwood က ဆိုပါတယ်။

“ဒီနှစ်မှာ အဲဒီလူဦးရေ ၃ သန်းကို အကူအညီပေးဖို့ ဒေါ်လာ ၃၈၅ သန်း ကျွန်တော်တို့တောင်း ဆိုထားပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ သုံးပုံတစ်ပုံပဲရရှိပါသေးတယ်။ ဆိုလိုတာက ကျွန်တော် တို့ ရန်ပုံငွေကွာဟချက်က အကြမ်းဖျဉ်း သန်း ၂၅၀ လောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့အကူအညီကို လိုအပ်နေသူတိုင်းဆီကို ရရှိဖို့ မဖြစ်နိုင်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာနဲ့ COVID-19 တုံ့ပြန်ရေးကြိုးပမ်းမှုတွေကို နိုင်ငံရေး မပါဘဲ ပဋိပက္ခဖြေရှင်းရေး အဖွဲ့အစည်းအားလုံးကို Andrew Kirkwood တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။