Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် မိုင်းဖြင့်တိုက်ခိုက်၍ စစ်ကောင်စီမှ တစ်ဦးသေ၊ ​လေးဦးဒဏ်ရာရဟု PDF ထုတ်ပြန်

ထို့ပြင် ရေစကြိုမြို့နယ်ရှိ ကိုင်းရွာ၊ မအူတောင်ရွာ၊ ဇီးတောရွာအနီးရှိ စစ်ကောင်စီနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းပိုင် မိုင်တဲတာဝါတိင်များကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

မကွေးတိုင်း ရေစကြို မြို့အဝင်၌ စစ်ကောင်စီနောက် လိုက်များအား မိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန် သည်။

အောက်တိုဘာ ၁ရက် မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်တွင် မြို့ ဝင်တွင် စစ်ဆေးရန်လာသော စစ်ကောင်စီ နောက်လိုက်များအာ မိုင်း ၂လုံးဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ဦးသေဆုံပြီး စစ်သား နှစ်ဦး၊ရဲ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ရေစကြို PDFသည် စက်တင်ဘာ ၁၇ရက် ညပိုင်းကလည်း ရေစကြိုမြို့အဝင် ဆိုင်ကယ် ကားများဖြင့် လုံခြုံရေးပတ်နေသည့် စစ်ကောင်စီ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ထို့ပြင် ရေစကြိုမြို့နယ်ရှိ ကိုင်းရွာ၊ မအူတောင်ရွာ၊ ဇီးတောရွာအနီးရှိ စစ်ကောင်စီနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းပိုင် မိုင်တဲတာဝါတိင်များကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားတွင် ပါဝင်သောရပ်ကွက်၊ ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးအားလုံးကို စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား၍ နှုတ်ထွက်ရန် သတိပေးထားပြီး လိုက်နာရန် ပျက်ကွက်ပါက မည်သည့်အကြောင်းပြချက်ဖြင့် ပျက်ကွက်သည်ဖြစ်စေ စစ်ကောင်စီအလိုတူ၊ အလိုပါအဖြစ် သတ်မှတ်၍ ချေမှုန်းသွာမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။