Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ

အဲဒီရွာတွေနားက လယ်ယာမြေပေါ်မှာ ခွင့်မရဘဲ အကွက်တွေရိုက်ပြီးအိမ်ဆောက်နေထိုင်တာ ၊ မဟာဓာတ်အားလိုင်းတာဝါတိုင်အနီးက နေအိမ် အဆောက်အဦးတွေကို ဖျက်ဖို့ မနေ့က နဲ့ဒီနေ့မှာ စာကပ်သွားတာလို့သိရပါတယ်။

ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ
ပုသိမ်ကြီးမှာ လယ်မြေပေါ် အိမ်ဆောက်လို့ဆိုပြီးဖျက်ပေးရမယ့်နေရာတွေ ထပ်တိုးလာ

မန္တလေး ၊ ပုသိမ်ကြီးမြို့နယ်ထဲက လယ်မြေတွေပေါ်မှာ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်နေထိုင်တယ်ဆိုပြီး ဖျက်ခံရမယ့် နေရာတွေ ထပ်တိုးလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ရှားဖို့ သတိပေးစာကပ်ခံရတဲ့နေရာဟာ နန်းဦးလွင်ကျေးရွာအုပ်စု ၊ကံကောက်ကျေးရွာအနီးက အိမ်တွေပဲဖြစ်ပြီး အခုတော့ ပုသိမ်ကြီးမြို့နယ်ထဲက ရွာရှည်၊ သလဲကုန်း၊ ဂွေ့ကြီးကုန်း၊ သမ္မတော၊ သန့်စင်ကုန်း၊ ဘိုတက်ကုန်းစတဲ့ ကျေးရွာအနီးနယ်နိမိတ်တွေမှာဆောက်ထားတဲ့အိမ်တွေလည်းပါလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီရွာတွေနားက လယ်ယာမြေပေါ်မှာ ခွင့်မရဘဲ အကွက်တွေရိုက်ပြီးအိမ်ဆောက်နေထိုင်တာ ၊ မဟာဓာတ်အားလိုင်းတာဝါတိုင်အနီးက နေအိမ် အဆောက်အဦးတွေကို ဖျက်ဖို့ မနေ့က နဲ့ဒီနေ့မှာ စာကပ်သွားတာလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဖယ်ရှားရမယ့်နေအိမ်တွေရှေ့မှာ သင်္ဘောဆေးအနီရောင်နဲ့ ကြက်ခြေခတ်သင်္ကေတ လုပ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဆေးအနီရောင်နဲ့အမှားခြစ်ခြစ်သွားတယ် ၊လယ်မြေဖို့ပြီး အိမ်ဆောက်ထားတဲ့နေအိမ်တွေအကုန်ပါတယ်”လို့ ဂွေ့ကြီးကုန်းကျေးရွာအတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

ရွာမြေအတွင်းပါဝင်တဲ့ နေအိမ်တွေကတော့ ဖယ်ရှားခံရမယ့်အထဲ မပါဘူးလို့ဆိုပါတယ်။

လက်ရှိအခြေအနေအရ ပုသိမ်ကြီးမြို့နယ်ထဲမှာ ဖျက်ခံရမယ့်နေအိမ်တွေအရေအတွက်ဟာ ထောင်ချီ နေပြီလို့လည်းသိရပါတယ်။

လယ်မြေပေါ်မှာ အခွင့်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေအနေနဲ့ လာမယ့် ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ စစ်တပ်က ဖိအားပေးထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ Power KTV၌ ယနေ့ (ဧပြီ ၂) ညပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။