Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ရေတပ်က လက်ရှိ သုံးစွဲနေတဲ့ စစ်သင်္ဘော တစ်စီးကို ဗီယက်နမ်ဆီ လက်ဆောင်ပေး

INS Kirpanလို့ နာမည်ပေးထားတဲ့ ဒုံးကျည်တင် စစ်သင်္ဘောဟာ ဇွန်လ ၂၄ ရက်က နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေကနေ စတင် ထွက်ခွာသွားကြောင်း အိန္ဒိယ ရေတပ်က အတည်ပြုပါတယ်။ အဲဒီ ရေယာဉ်ကို အိန္ဒိယမှာ ပြည်တွင်းဖြစ် တပ်ဆင် တည်ဆောက်ထားတာပါ။

အိန္ဒိယ ရေတပ်က လက်ရှိ သုံးစွဲနေတဲ့ စစ်သင်္ဘော တစ်စီးကို ဗီယက်နမ်ဆီ လက်ဆောင်ပေး
အိန္ဒိယ ရေတပ်က လက်ရှိ သုံးစွဲနေတဲ့ စစ်သင်္ဘော တစ်စီးကို ဗီယက်နမ်ဆီ လက်ဆောင်ပေး

အိန္ဒိယဟာ လက်ရှိ အသုံးပြုနေတဲ့ စစ်သင်္ဘော တစ်စီးကို ဗီယက်နမ်ဆီ လက်ဆောင်အဖြစ် လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ရေတပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သင်္ဘော တစ်စီးကို အိန္ဒိယက တခြားနိုင်ငံ တစ်ခုခုဆီ လက်လွှဲပေးတာ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

INS Kirpanလို့ နာမည်ပေးထားတဲ့ ဒုံးကျည်တင် စစ်သင်္ဘောဟာ ဇွန်လ ၂၄ ရက်က နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေကနေ စတင် ထွက်ခွာသွားကြောင်း အိန္ဒိယ ရေတပ်က အတည်ပြုပါတယ်။ အဲဒီ ရေယာဉ်ကို အိန္ဒိယမှာ ပြည်တွင်းဖြစ် တပ်ဆင် တည်ဆောက်ထားတာပါ။

အိန္ဒိယနဲ့ ဗီယက်နမ်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားတဲ့ ဆက်ဆံရေး မြှင့်တင်မှုတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းမှာ တရုတ်ရဲ့ ကြီးစိုးလိုမှုတွေကို စိုးရိမ်နေကြတဲ့ အတွက်လည်း အခုလို ပိုပြီး နီးကပ်လာကြတာ ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်ဟာ အရင်တုန်းက မော်လ်ဒိုက်ဗ်စ်နဲ့ မော်ရေးရှားစ်တို့လို နိုင်ငံတွေဆီ စစ်သုံးလှေတချို့ ထောက်ပံ့ဖူးပြီး မြန်မာစစ်တပ်ကို ရေငုပ်သင်္ဘောတစီး ပေးအပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော တစ်စီးကို ပြည်ပနိုင်ငံ တစ်ခုဆီ ပေးအပ်တာကတော့ အခုအကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ်ဟာ တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ် ရေပြင်နဲ့လည်း ထိစပ်နေတာကြောင့် ဒေသတွင်း အင်အားကြီး တရုတ်နဲ့ ရေပိုင်နက်ကိစ္စ အငြင်းပွားမှုတွေ ကြုံနေရပါတယ်။ တရုတ်က တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်လိုတာကြောင့် ဒေသတွင်း နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို တိုက်ရိုက်ကျကျ ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေပါတယ်။

လောလောဆယ် လမ်းခုလတ်မှာပဲ ရှိသေးတဲ့ INS Kirpanကို ဗီယက်နမ်ဆီ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းက မိတ်ဖက် နိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို အိန္ဒိယက ဘယ်လောက် အလေးထားသလဲဆိုတာ မြင်သာစေတဲ့ အထောက်အထား တစ်ခုလို့ အိန္ဒိယ ရေတပ်က ပြောပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ပန်ဗန်ကျန်ကလည်း အိန္ဒိယဆီက စစ်သင်္ဘောတစ်စီး လက်ဆောင်ရမယ့် ကိစ္စကို လဆန်းပိုင်းတုန်းက ကြေညာခဲ့ဖူးပါတယ်။ INS Kirpanကို အိန္ဒိယ ရေတပ်မှာ ၁၉၉၁ ခုနှစ်က စတင် တပ်တော်ဝင်စေခဲ့ပြီး တာတိုနဲ့ တာလတ်ပစ် စက်အမြောက်တွေ၊ ရေပြင်နဲ့ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ ဗီယက်နမ်ဆီ လွှဲပြောင်းပေးရာမှာ သင်္ဘောနဲ့အတူ အသုံးပြုတဲ့ ဒုံးကျည်တွေ ပါမပါ ဆိုတာကိုတော့ အိန္ဒိယ ရေတပ်က တိတိကျကျ မှတ်ချက် ပေးမထားပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား