Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်နှင့် အိန္ဒိယ အစိုးရခေါင်းဆောင်များ NUG ကို တရားဝင်အသိအမှတ်ပြုဆက်ဆံရန် NUCC တိုက်တွန်း

အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

(အ​မေရီကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဇွန် ၂၂ ရက်က​တွေ့ဆုံစဥ်။ ဓါတ်ပုံ- The Times of India)
(အ​မေရီကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဇွန် ၂၂ ရက်က​တွေ့ဆုံစဥ်။ ဓါတ်ပုံ- The Times of India)

▪︎“အခု သူတို့ ပြောထားတဲ့အထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို သွားဖို့ သူတို့ သဘောတူတယ်ဆိုတဲ့အကြောင်း၊ ပံ့ပိုးမယ်ဆိုတာက ကျွန်တော်တို့အတွက် အများကြီး ကောင်းတယ်” -ဦးမောင်မောင် (NUCC)

အမေရိကန် သမ္မတဘိုင်ဒန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ နှစ်ဦးစလုံးအနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို မြန်မာပြည်သူများ၏ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုဆက်ဆံရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းသည်။

အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံသည် ၎င်းတစ်နိုင်ငံတည်း ချွန်ထွက်ပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးတွင် ဝင်ရောက်ကူညီရမည်မဟုတ်ဘဲ အခြားအင်အားကြီး နိုင်ငံများလည်း ကူညီနေသည်ကို ဝန်ကြီးချုပ်ကိုယ်တိုင် တွေ့သွား၍ အားရမိကြောင်း NUCC မှ ဦးမောင်မောင်က ပြောသည်။

“ဒိအပြင် အခု သူတို့ ပြောထားတဲ့အထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို သွားဖို့ သူတို့ သဘောတူတယ်ဆိုတဲ့အကြောင်း၊ ပံ့ပိုးမယ်ဆိုတာက ကျွန်တော်တို့အတွက် အများကြီး ကောင်းတယ်။ ကျွန်တော်တို့ အားလုံးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အိန္ဒိယနိုင်ငံကလည်း ဒါကို လက်ခံထားပြီးပြီဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အားရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အမေရိကန်နှင့် အိန္ဒိယအစိုးရနှစ်ရပ်၏ ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံခေါင်းဆောင်များက ဆိုးရွားလာနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး မတရားဖမ်းဆီးခံ ချုပ်နှောင်ခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးကို ရှေးရှု၍ မြန်မာ့အသွင်ကူးပြောင်းရေးတို့ကို တောင်းဆိုကြောင်း ပါရှိသည်။

အထက်ပါဖော်ပြချက်သည် NUCC ၏ ပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် အစိတ်အပိုင်း (၁) ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြေညာစာတမ်း၏ အကြောင်းအရာနှင့် အနှစ်သာရ များကိုပါ ထင်ဟပ်နေသောကြောင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် အထူးကြိုဆိုအားပေးကြောင်း ထုတ်ပြန်သည်။

ယင်းဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်သည် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အစုအဖွဲ့ အဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အဖွဲ့ အစည်းများ၊ လူထုသပိတ် ကော်မတီများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖယ်ဒရယ်ယူနစ်ကိုယ်စားပြု အဖွဲ့အစည်းများနှင့် လူမျိုးအခြေပြု အဖွဲ့အစည်းများ/ ကောင်စီများမှ စုပေါင်းပါဝင် ရေးဆွဲခဲ့ကြသည့် စာတမ်း ဖြစ်သည်။

မြန်မာနိုင်ငံအား စစ်အာဏာရှင် စနစ်ဆိုးထမ်းပိုးကြီးမှ လွတ်မြောက်စေမည့် လွတ်လပ်ပွင့်လင်း၍ ပါဝင်မှုပြည့်ဝသော ကြံ့ခိုင်သန်စွမ်းမှုရှိသည့် အင်ဒိုပစိဖိတ်ဒေသဆီသို့ ရည်မျှော်၍ ပံ့ပိုးကူညီခြင်း တို့ကို နိုင်ငံပေါင်းစုံနှင့် ဒေသပေါင်းစုံပါဝင်သည့် ပူးတွဲဆောင်ရွက်မှုများမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးဖြစ်စေမည့် ပူးပေါင်းပါဝင်မှုများ ဆောင်ရွက်ပေးကြရန်လည်း NUCC က တိုက်တွန်းတောင်းဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖယ်ရှားရေးနှင့် ဒီမိုကရေစီပြန်လည် ရရှိရေးတို့အတွက် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယသမ္မတနိုင်ငံတို့၏ အစိုးရများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)တို့အကြား လက်တွေ့ကျပြီး ပိုမိုထိရောက် အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် NUCC က အခိုင်အမာ ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။