Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော

လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။

ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော
ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော

▪️စည်းနှောင်မှုပါဝင်သည့် နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်လောင်းတောင်းဆို

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တု့န်ပြန်ဆောင်ရွက်မှုသည် စစ်အာဏာရှင်၏ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရသည့် မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်(၂၆၆၉)ကို လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်သည့် နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ထပ်လောင်းတောင်းဆိုခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍​ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက ‘အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်’ ဟူသော ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိပြီး ယင်းကို သဘောတူသော်လည်း လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေသည့်အပေါ် သံအမတ်ကြီးက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေး အရေးယူခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်းနှင့် စစ်တပ်၏ ပြစ်ဒဏ်ခတ်မှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ကယ်တင်ရန် လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်မှာ သိသာထင်ရှားပြီး ထုတ်ပြန်ချက်များနှင့် ရှုတ်ချမှုများသည် လုံလောက်မှု မရှိကြောင်းလည်း ထောက်ပြသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှစတင်၍ လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက် (၇)စောင်နှင့် ကောင်စီဥက္ကဋ္ဌထုတ်ပြန်ချက် (၁)စောင်ကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာတွင် လုံခြုံရေးကောင်စီသည် သမိုင်းဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ဆုံးဖြတ်ချက် (၂၆၆၉)အဖြစ် အတည်ပြုခဲ့သည်။

သို့သော် ယခု (၂)နှစ်ကျော်ကာလအတွင်း ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင်း စစ်တပ်ကသာ အကြမ်းဖက်ရက်စက်သော ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောသည်။

လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook