Connect with us

Hi, what are you looking for?

သတင်း

ဟားခါးနှင့်ထန်တလန်ကြား စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်၊ ချင်းရဲဘော်အချို့ ထိခိုက်ဒဏ်ရာရ

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ မြို့တွင်း ထိတွေ့တိုက်ပွဲအချို့လည်း ဆက်ရှိနေကြောင်း ၄င်းကဆက်​ပြောသည်။

(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)
(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားကို စစ်ကောင်စီတပ်က ယနေ့( ဇူလိုင် ၃ရက်)နံနက်တွင် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မေလကုန်ပိုင်းကလည်း ဟားခါး- ထန်တလန်ကြား သီမစ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ရာမှ ယ​နေ့နံနက်တွင် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု၍ ထပ်မံ တိုက်ခိုက်လာခြင်းဖြစ်သည်။

(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)
(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)

“တိုက်လေယာဉ်နဲ့လာပြီးတော့ နှစ်ကြိမ်ဗုံးကြဲတာပေါ့။ ပြီးတော့ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးတွေ တရစပ်ပစ်တာပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်သားတွေဘက်က အထိအခိုက်တော့ မရှိပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကထိခိုက်မှုရှိတယ်လို့ ကျနော်တို့ သိတယ်။မြေပြင်တက်ဖို့ သူတို့က ပြင်ဆင်တယ်လို့တော့ကြားတယ်။ အဲဒီအတွက် လုပ်နေကြ တိုက်လေယာဉ်နဲ့လက်နက်ကြီးနဲ့ လမ်းရှင်းတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

​ဒေသကာကွယ်​ရေးတပ်ဖွဲ့ ဝင်များထဲမှ ရာရသူ ၃၊၄ဦးရှိပြီး ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျနော်တို့သုံးသပ်တာကတော့ အခုသီးမစ်မှာ ခံစစ်အနေနဲ့ သူတို့ ပြင်ဆင်ထားပုံရတယ်။ အဲဒီကနေ တဆင့် ထန်တလန်ဘက်ကို တဖြည်းဖြည်းချဉ်းကပ်နိုင်မယ့်အနေအထားမှာရှိတယ်လို့ သူတို့လှုပ်ရှားမှုအပေါ် အဲဒီလိုပဲ သုံးသပ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ မြို့တွင်း ထိတွေ့တိုက်ပွဲအချို့လည်း ဆက်ရှိနေကြောင်း ၄င်းကဆက်​ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မိုးတွင်းကာလ၌ မြေပြင်ထိုးစစ်ထက် လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပိုလုပ်လာနိုင်ကြောင်း၊ အကယ်၍ မြေပြင်ထိုးစစ်ဆင်လာပါကလည်း တိုက်ခိုက်သွားရန် ချင်းတပ်ဖွဲ့များအနေဖြင့် ပြင်ဆင်ထားကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။