Connect with us

Hi, what are you looking for?

News

လီဒိုလမ်းမတွင် KIAနှင့် စစ်ကောင်စီတပ်ထပ်မံတိုက်ပွဲဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဒေသခံအချို့ဒဏ်ရာရ

KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၄) နယ်မြေ ဘန်ကောက်နှင့် အောင်ရာကျေးရွာအကြားမှာသို့ အင်အား ၂၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အောက်တိုဘာ ၂ရက် နံနက် ၈နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်အာဏာသိမ်းစစ်တပ်တို့ ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း KIA ၏ သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၄) နယ်မြေ ဘန်ကောက်နှင့် အောင်ရာကျေးရွာအကြားမှာသို့ အင်အား ၂၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အောက်တိုဘာ ၂ရက် နံနက် ၈နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ၊မရှိကို သတင်း၌ ဖော်ပြမထားသော်လည်း ဒေသခံအရပ်သား တစ်ဦးလက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။

ယနေ့ နံနက် ၁၀နာရီခန့်တွင် မိုးကောင်းချောင်းတံတားဘက်ရောက်နေသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဝါရာဇွပ်ရွာနေ ဦးအင်ဘူဇော်ဖန်၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲကာ အိမ်ရှင်၏ ညာဘက်ပေါင်ခြမ်းတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (အောက်တိုဘာ ၁ရက်) ညနေပိုင်းကလည်း နောင်မီကျေးရွာနှင့် ဘန်ကောက်ရွာအကြား မိုးကောင်းချောင်းတံတားဘက် လှုပ်ရှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား၁၀၀ ခန့်ကို KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးပြန်လည် ပစ်ခတ်ခဲ့၍ ဝါရာဇွပ်ရွာနေ ဦးဖော်ယိုတောင်၏သမီးဖြစ်သူ မခေါန်ထွယ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေဌာနက ဖော်ပြသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ ခရီးသွားများ၏ ဖုန်းများစစ်ဆေးခြင်းနှင့် ပေါ်တာဆွဲခြင်း ပြုလုပ်နေကြောင်း၊ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လက်နက် ကြီးမဆင်မခြင် ပစ်ခတ်နေ၍ ဝါရာဇွပ်ရွာမှ ဒေသခံများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ တိမ်းရှောင်နေရရသည်ဟု ဆိုသည်။

KIA နှင့် စစ်ကောင်စီတပ်သည် စက်တင်ဘာအတွင်းကလည်း တနိုင်းမြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။