Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင်စစ်တပ်ကနင်းမိုင်းများ​ထောင်ထား၍​ဒေသခံပြည်သူများ​နေရပ်မပြန်​သေးရန်KNDFအသိ​ပေး

ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။

(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)
(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)

▪︎ကာကွယ်​ရေးတပ်ဖွဲ့များ မိုင်းရှာစက်မရှိ၍ ​ပေါက်ပြား၊​ဆောက်တို့ဖြင့် နင်းမိုင်းများကိုရှာ​ဖွေရှင်းလင်း​နေ

ရှမ်း-ကရင်နီ(ကယား) နယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများ၌ စစ်ကောင်စီက နင်းမိုင်းအများအပြားထောင် ထားခဲ့၍ ပြည်သူများနေရပ်မပြန်သေးရန် ကရင်နီအ မျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန် က ယနေ့ ထုတ်ပြန်သည်။

ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။

(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)
(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)

“တောင်စလုံး၊ မြောက်စလုံးရွာခံတွေနဲ့ မိုးဗြဲဘက်ကပြည်သူတွေ နေရပ်မပြန်ကြပါနဲ့ဦးခင်ဗျာ။မိုင်းရှင်းလင်းရေးမပြီးသေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကိုစောင့်ပေးပါ”ဟု KNDF ဖယ်ခုံဇုန် တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း မိုင်း များကို အတက်နိုင်ဆုံးရှင်းလင်းနေပြီး အများစုမှာ ပေါက်ပြားများဖြင့် ရှာဖွေနေရသည်ဟုလည်းအသိပေးသည်။

Public Service Announcement

Public Service Announcement

“တကယ်တမ်း ကရင်နီမှာ စကစဖက်က ထောင်ထားတဲ့နင်းမိုင်းတွေ ပြည်နယ်၊ကျေးရွာတွေမှာအများအပြားရှိနေပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုဖက်မှာ မိုင်းရှာဖွေရှင်းလင်းဖို့အတွက် မိုင်းရှာစက် မရှိဘဲ ပေါက်ပြား တို့ ဆောက်ခုံး တွေ နဲ့ အဆင်ပြေသလို ရှာဖွေရှင်းလင်းနေရတာပါ”ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)
(စစ်တပ်​ထောင်ခဲ့​သော နင်းမိုင်းများကို KNDF တပ်ဖွဲ့ဝင်များက မိုင်းရှာစက်မရှိ၍ ပေါက်ပြား ၊​ဆောက်တို့အသုံးပြု၍ ဖယ်ရှားရှင်းလင်း​နေစဥ်။ဓါတ်ပုံ-KNDF)

မိုင်းအသိပညာ​ပေး​သူများက ပြည်သူများအ​နေဖြင့် မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းများ၊စစ်လက်နက်အစိတ်အပိုင်းများ​တွေပါက ​မထိ​တို့ဘဲ အမှတ်အသားပြုလုပ်၍ စစ်လက်နက်ကျွမ်းကျင်သူများကို ပြသဖယ်ရှားခိုင်းရန် အကြံပြုထားသည်။

ဖယ်ခုံမြို့နယ်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ ဗျူဟာ ၁ အောက်တွင် ရှိပြီး စစ်ကောင်စီ၏ အင်အား ၁,၀၀၀ ကျော်ပါ မြေပြင်ထိုးစစ် အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို သုံးလ ကျော်ကြာ ယခုအထိ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင် နိုင်ရေး အတွက် “ကရင်နီအိပ်မက်-မောင်းပြန်အလက် ၁၀၀ “ပရောဂျက် ကို ယခုရက်ပိုင်းတွင် စတင်ထားပြီး ပြည်သူ များပါဝင်အားဖြည့်ပေးရန် KNDF က မေတ္တာရပ်ခံလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။