Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းစစ်​ခေါင်း​ဆောင်သွားမည်ဆို​သောပူတာအိုမြို့ စစ်တပ်ဂိတ်ကို PDF တိုက်ခိုက်

လုံခြုံရေးအခြေအနေကြောင့် ပူတာအို ခရီးစဥ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်ကြိမ်တိုင် ခရီးစဥ်ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းထွက်ပေါ်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် လာရန် ပြင်ဆင်နေသော ပူတာအို မူလာရှီးဒီစစ်တပ်ဂိတ်ကိုပြည်သူ့ကာကွယ်​​ရေးအဖွဲ့ -PDF ကလက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၃၀ ထက်မနည်း တိုက်ခိုက်ခဲကြောင်း ဒေသခံမီဒီယာများမှ ​ဖော်ပြသည်။

အောက်တိုဘာ ၃ရက် နံနက်အစောပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်းလုံခြုံရေး ချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီ တပ်သားမည်မျှကျဆုံးထိခိုက်သည်ကိုမူ လတ်တလောမသိရှိရသေးပေ။

ပူတာအို မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို သတိပေး ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ပြီး အ​ကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပူတာအို သို့လာမည်ဖြစ်သည့်အတွက် ပူတာအို မှလက်မခံပါကြောင်းနှင့် ရောက်ရှိလာပါက ဒီထက် ကြမ်းသော သတိပေး ပစ်ခတ်မူများပြုလုပ်သွားမည် ဟု ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လုံခြုံရေးအခြေအနေကြောင့် ပူတာအို ခရီးစဥ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်ကြိမ်တိုင် ခရီးစဥ်ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းထွက်ပေါ်ထားသည်။

ထို့အပြင် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည့်ခရီးစဥ်အတွက် တိုက်ခိုက်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။