Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်​ခေါင်း​ဆောင်သွားမည်ဆို​သောပူတာအိုမြို့ စစ်တပ်ဂိတ်ကို PDF တိုက်ခိုက်

လုံခြုံရေးအခြေအနေကြောင့် ပူတာအို ခရီးစဥ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်ကြိမ်တိုင် ခရီးစဥ်ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းထွက်ပေါ်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် လာရန် ပြင်ဆင်နေသော ပူတာအို မူလာရှီးဒီစစ်တပ်ဂိတ်ကိုပြည်သူ့ကာကွယ်​​ရေးအဖွဲ့ -PDF ကလက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၃၀ ထက်မနည်း တိုက်ခိုက်ခဲကြောင်း ဒေသခံမီဒီယာများမှ ​ဖော်ပြသည်။

အောက်တိုဘာ ၃ရက် နံနက်အစောပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်းလုံခြုံရေး ချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီ တပ်သားမည်မျှကျဆုံးထိခိုက်သည်ကိုမူ လတ်တလောမသိရှိရသေးပေ။

ပူတာအို မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို သတိပေး ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ပြီး အ​ကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပူတာအို သို့လာမည်ဖြစ်သည့်အတွက် ပူတာအို မှလက်မခံပါကြောင်းနှင့် ရောက်ရှိလာပါက ဒီထက် ကြမ်းသော သတိပေး ပစ်ခတ်မူများပြုလုပ်သွားမည် ဟု ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လုံခြုံရေးအခြေအနေကြောင့် ပူတာအို ခရီးစဥ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်ကြိမ်တိုင် ခရီးစဥ်ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းထွက်ပေါ်ထားသည်။

ထို့အပြင် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည့်ခရီးစဥ်အတွက် တိုက်ခိုက်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။