ထီးချိုင့်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး ယနေ့ (အောက်တိုဘာ ၃ရက်)နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံကြောင်းဒေသခံများက ပြောသည်။
ထီးချိင့်မြို့ပေါ်တွင် ကားပြင်သောလုပ်ငန်းလုပ်နေသည့်အမျိုးသားတစ်ဦးထံသို့ လူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက် လာကာ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။
“သေနတ်နဲ့ တစ်ချက်ပဲ ပစ်သွားတာ။ အဲ့ဒီလူ (သေနတ်ကျည် ထိမှန်သူ)ဆေးရုံကိုသယ်သွားပြီ”ဟုဒေသခံတစ်ဦးက ယနေ့နံနက် ၈နာရီတွင် ပြောသည်။
သို့သော် သေနတ်ဖြင့်အပစ်ခံရပြီး ဒဏ်ရာရသူမှာ သေ ဆုံးပြီလား ၊မသေဆုံးပြီလားဆိုသည်ကို အတည်ပြုမရသေးပေ။

Public Service Announcement
ဒလန်ရှင်းလင်းရေး ဆက်တိုက်လုပ်မည်ဟု PDFက ကြေငြာထားသော ထီးချိုင့်မြို့တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှစ်ဦးကို သုတ်သင်ပြီးနောက် ကျန်အုပ်ချုပ်ရေးမှုးများ နှုတ်ထွက်ရန် ထီးချိုင့် PDFက သတိပေးထားသည်။ထို့ကြောင့်အုပ်ချုပ်ရေးမှုးအများစုလည်း အစုလိုက်၊အပြုံလိုက် နှုတ်ထွက်နေကြသည်ဟု ဒေသခံများက ပြောသည်။


















































