Connect with us

Hi, what are you looking for?

သတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးသည် လေတပ်စခန်းကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက​ယ​နေ့ သတင်းထုတ်ပြန်လိုက်သည်။

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

▪︎စစ်​ကောင်စီ ​လေ​ကြောင်းအသုံးပြု၍ ပြည်သူများကိုအကြမ်းဖက်မှုပိုလုပ်လာ​သော​ကြောင့်တုံ့ပြနမယ်ခြင်းဟုတာဝန်ရှိသူ​ပြော

မကွေးလေတပ်စခန်းကို ယနေ့ မနက် ၁နာရီခန့်က ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဆီဂိုထောင်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုအမှတ်( ၁ )စစ်​ဒေသ မကွေးခရိုင် အမှတ် (၂) တပ်ရင်းမှတာဝန်ရှိသူက​ပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးသည် လေတပ်စခန်းကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက​ယ​နေ့ သတင်းထုတ်ပြန်လိုက်သည်။

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

“ကျနော်တို့ မနက်၁နာရီလောက် မဟာမိတ်တွေအတူပူးပေါင်းပြီး မကွေးလေတပ်စခန်းကို ၁၀၇မမ၅လုံးနဲ့သွားပစ်တယ် ၄လုံး မကွေးလေတပ်ဝန်းထဲကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ၁လုံးကတော့ Errorတက်တယ် လေတပ်ထဲက ဆီဂိုဒေါင်တစ်ခုကိုတော့ ထိမှန်တယ်လို့ အနီးဝန်းကျင်ကနေ အတည်ပြုနိုင်တယ် စစ်ခွေးတချို့လည်းထိခိုက်ကျဆုံးတယ်လို့ သတင်းရထားပေမယ့် အသေးစိတ်အတည်ပြုနိုင်ဖို့တော့ စုံစမ်းရခက်နေပါတယ်”ဟု မကွေးခရိုင်အမှတ်၂ တပ်ရင်းမှတာဝန်ရှိသူက​ပြောသည်။

လေတပ်အနီးဝန်းကျင်ကို လုံခြုံရေးအထူးတင်းကြပ်ထားသဖြင့် အသေးစိတ်အတည်ပြုရန် ခက်ခဲ​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်​ရေးကို MKCDF( Mountain Knights Civilians Defense Force)၊ မကွေးခရိုင် အမှတ် (၂)တပ်ရင်း၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့နှင့် တောင်တွင်းကြီး ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုမကွေးခရိုင်တပ်ရင်း (၂)က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီက လေကြောင်းအသုံးပြုပြီးတော့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်လာတာတွေ တော်တော်များလာတဲ့အတွက် ကျနော်တို့ လက်လှမ်းမီတဲ့ မကွေးလေတပ်စခန်းကို ၁၀၇မမတွေနဲ့သွားပစ်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

မကွေးလေတပ်စခန်းကို ၂၀၂၂ နိုဝင်ဘာ၁၅ရက်ကလည်း ဒေသခံကာကွယ်ရေးများက ရှော့တိုက်ဒုံး ၃လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီ၏တံတားဦး​လေ​တပ် ၊မဂ်လာဒုံ​လေတပ် ၊​နေပြည်​တော်​လေတပ်တို့ကိုလည်း ယခုနှစ်အတွင်း ​ရှော့တိုက်ဒုံးများ ၊တာ​ဝေးဖြင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway ) ရဲဘော်တွေအနေနဲ့ လူထုအကျိုးစီးပွားကို အသက်ထက်မြတ်နိုးဖို့ အပါအဝင် အချက်သုံးချက် လုပ်ဆောင်ပြီး ရှေ့ဆက်ကြရမယ်လို့ PRA-Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောကြားပါတယ်။