Connect with us

Hi, what are you looking for?

သတင်း

စုန်း​ချောင်းရွာကို စစ်တပ်ကစီးနင်းတိုက်ခိုက်၍ ဒေသကာကွယ်ရေးရဲဘော် ၃ ဦး နှင့် ပြည်သူ ၁၁ဦးအသတ်ခံရ

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူများကို သဂြိုဟ်ရန်ပြင်ဆင်​နေကြစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူများကို သဂြိုဟ်ရန်ပြင်ဆင်​နေကြစဥ်။ဓါတ်ပုံ-CJ)

ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်မှုတွင် ဒေသကာကွယ်ရေးရဲဘော် ၃ဦးနှင့် ​ဒေသခံပြည်သူ ၁၁ ဦး သေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့်ဒေသခံအချို့က​ပြောသည်။

ယင်းမာပင်မြို့နှင့် ခြောက်မိုင်ခန့်ဝေးပြီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၂၁ရက်နံနက် ၂နာရီခန့်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းဟု ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စုစုပေါင်း ၁၄ဦးသေဆုံးတယ်။ ရက်ရက်စက်စက်သတ်ဖြတ်သွားတာပါ။ ရုပ်အလောင်းအားလုံးကျွန်တော်တို့ ပြန်ရပြီး တခါတည်း သင်္ဂြိုလ်လိုက်ပါတယ်”ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ညနေ ၄ နာရီခန့်တွင် ရရှိသောသတင်းအရ ဒေသခံကာကွယ်ရေးရဲဘော် ( LocalDF) သုံးဦး၊ ဒေသခံပြည်သူ ၁၁ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်သွားသည်ဟု သိရသည်။ အသတ်ခံရသည့် ပြည်သူ ၁၁ဦးတွင် ဆယ်တန်းကျောင်းသားအချို့ပါဝင်ကြောင်းသိရပြီး အသေးစိပ်မသိရသေးပေ။ သတ်ဖြတ်ခံရသူများသည် အသက်ခံရသူများတွင် ၁၆နှစ်အရွယ် က​လေးငယ်များပါဝင်ကြောင်းလည်း ရုပ်အလောင်းများအားသဂြိုဟ်ပေးရာတွင် ပါဝင်ခဲ့သည့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူအချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသတင်းရရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။စစ်ကောင်စီစစ်ကြောင်းသည် စုန်းချောင်းရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များအတွင်း စာရင်းအတိအကျဖြင့်ဝင်ရောက်ခဲ့ကြောင်း၊ဒေသခံ ခုနစ်ဦးကိုဖမ်းဆီးသွားကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။