Connect with us

Hi, what are you looking for?

News

ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီ ယာဉ်ကို ​ရေစကြို PDF မိုင်းဆွဲတိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDFနှင့် မဟာမိတ်ဖြစ်သည့် မြင်းခြံ PDF( 27 Revolution Forces) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မကွေးတိုင်း ပခုက္ကူ- ရေစကြို ကားလမ်း တိုးဂိတ်အကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တစ်စီးကို ယနေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDFနှင့် မဟာမိတ်ဖြစ်သည့် မြင်းခြံ PDF( 27 Revolution Forces) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်အင်အား ၂၀ န့် တင်ဆောင်လာသည့် ယာဉ်ကို မိုင်း ၃လုံးဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ထိခိုက်သဆေုံးမှု အရေအတွက် ကို ဆက်လက် စုံစမ်းလျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရေစကြို PDF အနေဖြင့် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook