Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၌ မိုးကြီးပြီးနောက်ဆက်တွဲ ရေဘေးသတိထားကြရန် NUG ထုတ်ပြန်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများ၌ ဇူလိုင်လကုန်အထိ မိုးကြီးနိုင်မည့် သတိပေးချက်ကို MOHADM က ဇူလိုင် ၂၄ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)

ဘင်္ဂလားပင်လယ်အော်တွင် ယခုတစ်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ခြင်းနှင့်အတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၌ မိုးကြီးပြီးနောက်ဆက်တွဲ ရေဘေးသတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများ၌ ဇူလိုင်လကုန်အထိ မိုးကြီးနိုင်မည့် သတိပေးချက်ကို MOHADM က ဇူလိုင် ၂၄ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ပြီး အိန္ဒိယနိုင်ငံကမ်းရိုးတန်းဘက်သို့ ဦးတည်ရွှေ့လျားနိုင်သည်ဟု MOHADM က ထုတ်ပြန်ထားသည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ – CJ)

သို့သော် မုန်တိုင်းငယ်၏အရှိန်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုး‌ကြီးနိုင် ကြောင်းသတိပေးထားသည်။

Public Service Announcement

Public Service Announcement

” ဟိုတစ်ပတ်က ရေဘေးကဒေသခံတွေအတွက် တော်တော် ထိခိုက်သွားတယ်။ ကြိုတင်ပြင်ဆင်နိုင်ခြင်းလည်း မရှိခဲ့ဘူး။မိုးဆက်ကြီးမယ်ဆိုရင် မလွယ်ဘူး”ဟု မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်မှ ‌အမျိုးသမီးတစ်ဦးက ပြောသည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ – CJ)

လတ်တလော ရာသီဥတုအခြေအနေများကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပြင်ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် MOHADMက သတိပေးထားသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လလယ်က မိုးကောင်းခဲ့ရာ ရေဘေးကြုံတွေ့ခဲ့ရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ ‌မော်လမြိုင်မြို့တွင် ရေဘေးကြောင့် ကလေးငယ် သုံးဦး သေဆုံးခဲ့ပြီး ပေါင်မြို့နယ်တွင် ‌အမျိုးသားတစ်ဦး တောင်ကျရေ၌ မျောပါပျောက်ဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook