Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် ကန်ချောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

မကွေးတိုင်း ဆောမြို့နယ် ကန်ချောင်းရွာအနီးတွင် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ကန်ချောင်းရွာအနီး ဒေသခေါ် မြင်းကာတောင်ခြေသို့ ရောက်ရှိနေသော ရန်သူ့အင်အား ၁၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ်(၃၊၅၊၈၊၁၃)တပ်ရင်း၊ CDF မင်းတပ်၊CDF ကန်ပက်လက်၊ဆောPDF(YRPA)၊ YDF Saw ပူးပေါင်းအဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့တပ်သား လေးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားနေ၍ ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် ဆောနှင့်ကန်ပက်လက်နယ်စပ်ဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ