Connect with us

Hi, what are you looking for?

သတင်း

မွန်နှင့် တနင်္သာရီအစပ် အလယ်စခန်းအနီး (၆)ရက်တာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

ဇူလိုင် ၁၈ရက်ကလည်း အလယ်စခန်းအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးခန့်သေပြီး ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRO)
(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRO)

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီး (၆)ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀၀ဦးခန့် သေဆုံးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFပူးပေါင်း စစ်ကြောင်းတွင်ပါဝင်သည့် ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေးနှင့် ရေဖြူနယ်အစပ် အလယ်စခန်းအနီးသို့ ဇူလိုင် ၁၉ ရက်မှစတင်၍ စစ်ကောင်စီတပ်မှ ခမ ရ-၄၀၇၊ ၄၀၈၊ ခလရ-၁၀၄ နှင့် ၂၈၂တို့မှ ခန့်မှန်းအင်အား ၃၀၀ ၏ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ KNLA တပ်ရင်း(၂၇)၊ ရေးပြောက်ကျားတပ်(YGF)၊ မွန်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် ဇူလိုင် ၂၄ ရက်အထိ (၆)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ဘက်က အင်အားထပ်ဖြည့်ထားတယ်။ ထိတွေ့တိုက်ပွဲတော့ ထပ်မဖြစ်သေးဘူး”ဟု ရေးပြောက်ကျားတပ်(YGF)မှ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအပြီး လက်ရှိအခြေအနေကို People’s Springသို့ ပြောသည်။

ထိတွေ့တိုက်ပွဲသည် ဇူလှိုင် ၁၈ ရက် နေ့လယ်၁၁နာရီခန့်ကစတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း(MSRO)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံကာကွယ်ရေးတပ်များရှိရာ စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးလာပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု MSRO၏ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲက ၆ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ခဲ့တယ်ဗျ။ ၆ရက်တွင်းမှာ အရှေ့တန်းအတည်ပြုချက်အရ စစ်ကောင်စီတပ်သား ၁၀၀ကျော်သေတယ်လို့ သတင်းအတည်ပြုပို့လာပါတယ်”ဟု MSRO၏ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ အထိနာ၍ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ (၆)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀၀ဦးခန့်သေဆုံးခဲ့ပြီး မျက်မြင်အတည်ပြုနိုင်သည့် စစ်ကောင်စီတပ် သေဆုံးဦးရေ ၅၀ကျော်ရှိပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ထားပြီဖြစ်ကြောင်း KNLA၊ PDF ပူးပေါင်းစစ်ကြောင်းမှ မွန်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO)က အတည်ပြုသည်။

“(နယ်မြေရှင်းလင်းရေး)လုပ်ထားပြီးပါပြီ။ ရန်သူနဲ့ နီးကပ်နေတုန့်မလို့ သတင်းမထုတ်သေးတာပါ။ သူတို့က မလွဲတောင်မှာ ဗျူဟာချထားပါတယ်”ဟု MSRO မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ မလွဲတောင်ဗျူဟာသို့ အင်အားတိုးချဲ့စေလွှတ်၍ စစ်ရေးပြင်ဆင်လျှက်ရှိရာ ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်ပြီး စစ်ရေးတင်းမာနေဆဲအခြေအနေတွင် ဆက်ရှိနေကြောင်း ပူးပေါင်းစစ်ကြောင်းမှ မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။

ဇူလိုင် ၁၈ရက်ကလည်း အလယ်စခန်းအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးခန့်သေပြီး ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။