Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်နှင့် တနင်္သာရီအစပ် အလယ်စခန်းအနီး (၆)ရက်တာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

ဇူလိုင် ၁၈ရက်ကလည်း အလယ်စခန်းအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးခန့်သေပြီး ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRO)
(ရေးနှင့် ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီးတိုက်ပွဲရှေ့တန်းရောက် PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRO)

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အစပ် အလယ်စခန်းအနီး (၆)ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀၀ဦးခန့် သေဆုံးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFပူးပေါင်း စစ်ကြောင်းတွင်ပါဝင်သည့် ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေးနှင့် ရေဖြူနယ်အစပ် အလယ်စခန်းအနီးသို့ ဇူလိုင် ၁၉ ရက်မှစတင်၍ စစ်ကောင်စီတပ်မှ ခမ ရ-၄၀၇၊ ၄၀၈၊ ခလရ-၁၀၄ နှင့် ၂၈၂တို့မှ ခန့်မှန်းအင်အား ၃၀၀ ၏ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ KNLA တပ်ရင်း(၂၇)၊ ရေးပြောက်ကျားတပ်(YGF)၊ မွန်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO)စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် ဇူလိုင် ၂၄ ရက်အထိ (၆)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ဘက်က အင်အားထပ်ဖြည့်ထားတယ်။ ထိတွေ့တိုက်ပွဲတော့ ထပ်မဖြစ်သေးဘူး”ဟု ရေးပြောက်ကျားတပ်(YGF)မှ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအပြီး လက်ရှိအခြေအနေကို People’s Springသို့ ပြောသည်။

ထိတွေ့တိုက်ပွဲသည် ဇူလှိုင် ၁၈ ရက် နေ့လယ်၁၁နာရီခန့်ကစတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း(MSRO)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံကာကွယ်ရေးတပ်များရှိရာ စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးလာပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု MSRO၏ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲက ၆ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ခဲ့တယ်ဗျ။ ၆ရက်တွင်းမှာ အရှေ့တန်းအတည်ပြုချက်အရ စစ်ကောင်စီတပ်သား ၁၀၀ကျော်သေတယ်လို့ သတင်းအတည်ပြုပို့လာပါတယ်”ဟု MSRO၏ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ အထိနာ၍ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ (၆)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀၀ဦးခန့်သေဆုံးခဲ့ပြီး မျက်မြင်အတည်ပြုနိုင်သည့် စစ်ကောင်စီတပ် သေဆုံးဦးရေ ၅၀ကျော်ရှိပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ထားပြီဖြစ်ကြောင်း KNLA၊ PDF ပူးပေါင်းစစ်ကြောင်းမှ မွန်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO)က အတည်ပြုသည်။

“(နယ်မြေရှင်းလင်းရေး)လုပ်ထားပြီးပါပြီ။ ရန်သူနဲ့ နီးကပ်နေတုန့်မလို့ သတင်းမထုတ်သေးတာပါ။ သူတို့က မလွဲတောင်မှာ ဗျူဟာချထားပါတယ်”ဟု MSRO မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ မလွဲတောင်ဗျူဟာသို့ အင်အားတိုးချဲ့စေလွှတ်၍ စစ်ရေးပြင်ဆင်လျှက်ရှိရာ ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်ပြီး စစ်ရေးတင်းမာနေဆဲအခြေအနေတွင် ဆက်ရှိနေကြောင်း ပူးပေါင်းစစ်ကြောင်းမှ မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။

ဇူလိုင် ၁၈ရက်ကလည်း အလယ်စခန်းအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးခန့်သေပြီး ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။