Connect with us

Hi, what are you looking for?

သတင်း

KNLAပူးပေါင်းတပ် နယ်မြေစိုးမိုးထားသည့် ရေးမြို့နယ်၌ စစ်ကောင်စီနှင့် နှစ်ရက်အတွင်း တိုက်ပွဲ လေးနေရာဖြစ်

ဇူလိုင် ၂၂ရက်နှင့် ၂၃ရက်များက ဝင်းရေးမြို့နယ် (ရေးမြို့နယ်) ဝဲဝန်းရွာအနီးနှင့် သံဖြူဇရပ် – ရေး လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

(တိုက်ပွဲဖြစ်ပွားရာ လမ်းပိုင်းနေရာပြမြေပုံအား တွေ့ရစဉ်)
(တိုက်ပွဲဖြစ်ပွားရာ လမ်းပိုင်းနေရာပြမြေပုံအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ် ၁၁ဦးသေ၊ အရာရှိအပါအဝင် ဒဏ်ရာရသူအချို့ရှိ၊ KNLA ပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦးကျဆုံး၊ လက်နက်နှစ်လက်ဆုံးရှုံးဟု KNU အသိပေး

မွန်ပြည်နယ် ရေးမြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးကာ အရာရှိ အပါအဝင် ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက်နှင့် ၂၃ရက်များက ဝင်းရေးမြို့နယ် (ရေးမြို့နယ်) ဝဲဝန်းရွာအနီးနှင့် သံဖြူဇရပ် – ရေး လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

KNLA တပ်ရင်း(၂၇)နှင့် စစ်ကောင်စီတပ်တို့သည် ဝဲဝန်းရွာအနီး၌ ဇူလိုင် ၂၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင် ၂၃ရက်တွင်လည်း ဝဲဝန်းရွာအနီး၌ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး တပ်ခွဲမှူး ဝင်းမင်းခိုင်ဆိုသူ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ ယင်းတိုက်ပွဲ၌ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ လက်နက် ၂လက်ဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသည်။

“အဲဒီဘက် တိုက်ပွဲဖြစ်တာ သေချာတယ်။ ငါတို့ ကြားသလောက်ဆို အဲဒီ ရွာ အရှေ့ဘက်ခြမ်း တော တစ်နေရာမှာပေါ့။ အဲဒီမှာ စကစ ဘက်က စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာကြားတယ်။ ၂ရက်ဖြစ်တယ် ကြားတယ် ။ တစ်ရက်မှာ တစ်နေရာ တစ်ရက်မှာတစ်နေရာပေါ့” ဟု ရေးမြို့နယ် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရေးနှင့် သံဖြူဇရပ် ကြားတွင်လည်း ရေးမြို့မှ ပြန်လာသည့် စစ်ကောင်စီ ယာဉ်သုံးစီးကို KNLA ပူးပေါင်းတပ်က ပျော်သာယာကျေးရွာအနီး၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ယာဉ်တစ်စီး ပျက်စီးခဲ့ပြီး သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု့ KNUက ထုတ်ပြန်သည်။

ယင်းစစ်ကောင်စီယာဉ်များသည် ပျော်သာယာရွာမှ ရေးမြို့သို့ ပြန်သွားရာ ပူးပေါင်းတပ်က ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နောက်ထပ် ၂ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

“တချို့က ပြောကြတယ် နှစ်ယောက်ကျတယ် ပြောတယ်။ လမ်းသွားလမ်းလာတွေရဲ့ သတင်းအရပေါ့။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် တိုက်ပွဲဖြစ်တာတော့ သေချာတာပေါ့”ဟုလည်း ရေးနယ်ဒေသခံက ပြောသည်။

အဆိုပါဒေသ၌ ဇွန်လ ၁၅ရက်နောက်ပိုင်းကတည်းက KNLA တပ်ရင်း(၂၇)နှင့် ပူးပေါင်းတပ်က လမ်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ယခုလတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

“စစ်ရေးအခြေအနေက ပြီးခဲ့တဲ့ အချိန်က အဲဒီကားလမ်းမတလျှောက်မှာ အမှတ်(၈)လမ်းတလျှောက်မှာ ဆိုရင်တော့ သူတို့ (KNLA ပူးပေါင်းတပ်)ဘက်က လမ်းကို စိုးမိုးထားနိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောရင်ရတာပေါ့။ ရာနှုန်းပြည့်တော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ တစ်ဖက်(စစ်ကောင်စီဖက်)က အဲဒီ ကားလမ်းကို အသုံးမချနိုင်လောက်တဲ့ အခြေအနေကို သူတို့က လုပ်ထားနိုင်တယ်ဆိုတော့ သူတို့က စိုးမိုးထားတယ်လို့ ပြောရမှာပေါ့။ များသောအားဖြင့် စစ်ယာဉ်တန်းတွေ သွားလာတာမရှိသလောက်ဖြစ်သွားတာပေါ့”ဟု ရေးနယ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook