Connect with us

Hi, what are you looking for?

သတင်း

အာဆီယံ AHA Centre လူသားချင်းစာနာမှုအကူအညီ ကရင်နီစစ်​ဘေး​ရှောင် ၁၄၅၀ ဦးပထမဆုံး​ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA Centre)မှ ပေးပို့သည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ကရင်နီစစ်ရှောင်ပြည်သူများထံ ဇူလိုင် လလယ်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများမှာ AHA Centre ၏ ပထမဆုံးအသုတ် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလဆန်းတွင် ဆီဆိုင်မြို့နယ်အတွင်း အာဆီယံသံတမန်ယာဥ်တန်း ပစ်ခတ်ခဲ့ရ၍ AHA Centre ၏ အကူအညီပေးရေးအစီအစဥ် မအောင်မြင်မှုကို PNLO က ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

“သူတို့(စစ်ရှောင်တွေ)မှာ ဆန်ပြတ်တော့မယ့်အချိန် ဆန်ရောက်လာလို့ တော်သေးတယ်။ အခုလို ကူညီတာ ကျေးဇူးတင်တာပေါ့လို့ ပြောတယ်။ တစ်အိမ်ထောင် ဆန်တစ်အိတ်အနည်းဆုံးရတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

အထက်ပါ ကူညီထောက်ပံ့မှုတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပါဝင်ပတ်သက်မှုမရှိဘဲ ပထမတစ်ကြိမ် ပြီးခဲ့သည့် မေလဆန်းက အာဆီယံ၏ သံတမန်ယာဥ်ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(PNO) တို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ထိုစဥ်က မှတ်ချက်ပြုထားသည်။​ထိုစဥ်က သေနတ်ပစ်ခံရသဖြင့် အစီအစဥ်ပျက်ခဲ့ပြီး စစ်​ဘေး​ရှောင် မိသားစု ၁၀ စု ကိုသာအကူအညီ​ပေးခဲ့ရ​ကြောင်းသိရသည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

ဇူလိုင် ဒုတိယပတ်တွင် ပြုလုပ်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၄၀၀ အတွက် အကူအညီများ တစိတ်တပိုင်းဖြန့်ဝေနိုင်မှုနှင့် ယင်းသို့ အောင်မြင်စွာဖြန့်ဝေနိုင်ရေးအတွက် ကူညီပေးခဲ့သော သက်ဆိုင်ရာ Stakeholder များကို ချီးကျူးဂုဏ်ပြုထားသည်။ ထို့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူ မြန်မာပြည်သူ ၁.၁ သန်းထံ လူသာချင်းစာနာမှုအကူအညီများ ရောက်ရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက ပံ့ပိုးကူညီရန် တောင်းဆိုထားသည်။

(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(ကရင်နီ စစ်​ဘေး​ရှောင်ပြည်သူများကို AHA ၏ အကူအညီများ​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

“တစ်အိမ်ထောင်စု ဆန်တစ်အိတ်အနည်းဆုံးရတယ်။မိသားစုသုံးပစ္စည်း အိုးခွက်ပန်းကန်တွေလည်း တစ်မိသားစု တစ်စုံရတယ်။တစ်ကိုယ်ရည်သုံးပစ္စည်းကတော့ တစ်ယောက် တစ်စုံရတယ်”ဟုစစ်​ဘေး​ရှောင်များ အာဆီယံ၏ပထမဆုံးအကူအညီရရှိမှုကို ​ဒေသခံတစ်ဦးကရှင်းပြသည်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို AHA Centre က ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။