Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော
ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်)ကိုထိန်လင်းက Independent သတင်းဌာနသို့ ပြောပါတယ်။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

“ကျွန်တော့်မေမေ လွတ်လပ်မှုအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။ မေမေဟာ အကွက်ဆင်ထားတဲ့ ပုဒ်မစွပ်စွဲချက်တွေနဲ့ တရားမဝင်ထောင်ချခံထားရပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးကစားနေတာကို ကျွန်တော်တို့ သိပါတယ်။ မေမေလုံးဝ လွတ်မြောက်လာတာထက် ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဆက်လက်ပြီး ကိုထိန်လင်းက “မေမေက လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ ရဲရင့်တဲ့သင်္ကေတဖြစ်ပြီး စစ်အာဏာရှင်အမှောင်ခတ်မှာ လင်းလက်နေဆဲပါ။ ကမ္ဘာကြီးက စောင့်စားနေပြီး မေမေ့အတွက် လွတ်လပ်မှုနဲ့ တရားမျှတမှုကို တောင်းဆိုရမှာပါ” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးမြှင့်ပြီး နောက်တစ်ရက်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ပြုကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားချမှတ်ထားတဲ့ ၃၃ နှစ်အနက် ၆ နှစ်သာ လျှော့ပေါ့ခဲ့ပြီး သမ္မတဦးဝင်းမြင့်ကို ၄ နှစ်သာ လျှော့ပေါ့ခဲ့တာပါ။ အဲဒီလျှော့ပေါ့ခဲ့ရာမှာလည်း ‘လွတ်နီး’ လို့ခေါ်တဲ့ မတရားသတ်မှတ်ထားတဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ ရက်နီးကပ်နေတဲ့ အမှုတွေအတွက် ဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါ တယ်။

အဲဒီလို ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်ပြစ်ဒဏ်လျှော့ပေါ့လိုက်တဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးက “ဟန်ပြလုပ်ပြတဲ့သဘောပါ။ လူထုကတော့ ပထမ လွတ်မြောက်လာတယ်ဆိုပြီး ဝမ်းသာကြတာပေါ့။ မဟုတ်ဘူးလို့လည်း သိရရော စိတ်မကောင်းဖြစ်ကြရရော။ သက်သက်မဲ့ လှည့်ဖျားနေတာ” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။