Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော
ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့သားဖြစ်သူကိုထိန်လင်းပြော

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေးခြင်းဟာ နိုင်ငံရေးကစားနေခြင်းသာဖြစ်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်)ကိုထိန်လင်းက Independent သတင်းဌာနသို့ ပြောပါတယ်။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

“ကျွန်တော့်မေမေ လွတ်လပ်မှုအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။ မေမေဟာ အကွက်ဆင်ထားတဲ့ ပုဒ်မစွပ်စွဲချက်တွေနဲ့ တရားမဝင်ထောင်ချခံထားရပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးကစားနေတာကို ကျွန်တော်တို့ သိပါတယ်။ မေမေလုံးဝ လွတ်မြောက်လာတာထက် ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဆက်လက်ပြီး ကိုထိန်လင်းက “မေမေက လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ ရဲရင့်တဲ့သင်္ကေတဖြစ်ပြီး စစ်အာဏာရှင်အမှောင်ခတ်မှာ လင်းလက်နေဆဲပါ။ ကမ္ဘာကြီးက စောင့်စားနေပြီး မေမေ့အတွက် လွတ်လပ်မှုနဲ့ တရားမျှတမှုကို တောင်းဆိုရမှာပါ” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးမြှင့်ပြီး နောက်တစ်ရက်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ပြုကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားချမှတ်ထားတဲ့ ၃၃ နှစ်အနက် ၆ နှစ်သာ လျှော့ပေါ့ခဲ့ပြီး သမ္မတဦးဝင်းမြင့်ကို ၄ နှစ်သာ လျှော့ပေါ့ခဲ့တာပါ။ အဲဒီလျှော့ပေါ့ခဲ့ရာမှာလည်း ‘လွတ်နီး’ လို့ခေါ်တဲ့ မတရားသတ်မှတ်ထားတဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ ရက်နီးကပ်နေတဲ့ အမှုတွေအတွက် ဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါ တယ်။

အဲဒီလို ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်ပြစ်ဒဏ်လျှော့ပေါ့လိုက်တဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးက “ဟန်ပြလုပ်ပြတဲ့သဘောပါ။ လူထုကတော့ ပထမ လွတ်မြောက်လာတယ်ဆိုပြီး ဝမ်းသာကြတာပေါ့။ မဟုတ်ဘူးလို့လည်း သိရရော စိတ်မကောင်းဖြစ်ကြရရော။ သက်သက်မဲ့ လှည့်ဖျားနေတာ” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းမှာ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။

သတင်း

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။