Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်ရှိ တနယ်ရွာ စစ်တပ်စီးနင်းပြီး ပကဖခေါင်းဆောင်တစ်ဦးကို ပစ်သတ်

ဩဂုတ် ၂ ရက်က ပုလဲမြို့နယ် အင်မထီးရွာပျူစောထီးစခန်းမှလာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် နံနက် ၅နာရီခန့်တွင် တနယ်ကျေးရွာအား စီးနင်းဝင်ရောက်ခဲ့သည်။

(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)
(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)

နေအိမ် ၉လုံး မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တနယ်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးပစ်သတ်ကာ နေအိမ် ၉လုံး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ် ၂ ရက်က ပုလဲမြို့နယ် အင်မထီးရွာပျူစောထီးစခန်းမှလာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် နံနက် ၅နာရီခန့်တွင် တနယ်ကျေးရွာအား စီးနင်းဝင်ရောက်ခဲ့သည်။

(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)
(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)

ထိုအချိန် ရွာပြင်၌ ကင်းစောင့်နေသော ပကဖခေါင်းဆောင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်က PDFရဲဘော်များ၏ ဆိုင်ကယ် ၁၂စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဇီဖြုကုန်း ရိက္ခာလိုတော့ တခြားရွာတွေ့ကို စစ်ကြောင်းထိုးပြီး အစာရှာထွက်တာ။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)
(မီးရှို့ဖျက်ဆီးခံရသော တနယ်ကျေးရွာနှင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pale Entertainment)

အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ၂၀ ခန့်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများအတွက် ဒေသတွင်း ပအဖ၊ ပကဖများ၊ အရပ်ဖက်အဖွဲ့အစည်းများက တာဝန်ယူပေးနေရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းရွာတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် တစ်ပါးနှင့် ဒေသခံပြည်သူ ၁၀ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အဆောက်အဦးများ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။