Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိခိုက်၊ နေအိမ်ခြောက်လုံးပျက်စီး

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်လျှက်ရှိရာ သြဂုတ် ၁ ရက် တစ်ရက်တည်းတင် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စရဖရုံးနှင့် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံခဲ့ရသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

တနင်္သာရီမြို့ပေါ်မှ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့နှင့်အ နီးဝန်းကျင်ကျေးရွာများမှ နေအိမ်ခြောက်လုံးပျက်စီးကာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသအခြေစိုက်မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ် သည် သြဂုတ် ၃ ရက် ည ၇နာရီမှစတင်ပြီး ည ၁၁ နာရီခန့်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့ရာ ဗောဓိကမ်း၊ ခြောက်မိုင်၊ ငါးမိုင်၊ ဘန်လော စသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများ​၏ နေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြိတ်ခရိုင် ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ။ အဲမတိုင်ခင်နေ့ကတော့ ကျနော်တို့ဘက်က သွားပစ်တာပါ။ နောက် နေ့ညနေကျတော့ သူတို့ဘက်ကရမ်းသမ်းလာပြစ်တာပေါ့။ လက်နက်ကြီး (၁၂၀) မမ သုံးပြောင်းနဲ့ (၈၁) မမတစ်ပြောင်း၊ အားလုံး လေးပြောင်း ထောင်ပြီးပစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ တနင်္သာရီမြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်လျှက်ရှိရာ သြဂုတ် ၁ ရက် တစ်ရက်တည်းတင် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စရဖရုံးနှင့် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုများအပြီး စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများရှိနေသည်ဟုယူဆသော ကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကို အထက်ပါအတိုင်း ပြုလုပ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။