Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိခိုက်၊ နေအိမ်ခြောက်လုံးပျက်စီး

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်လျှက်ရှိရာ သြဂုတ် ၁ ရက် တစ်ရက်တည်းတင် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စရဖရုံးနှင့် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံခဲ့ရသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

တနင်္သာရီမြို့ပေါ်မှ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့နှင့်အ နီးဝန်းကျင်ကျေးရွာများမှ နေအိမ်ခြောက်လုံးပျက်စီးကာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသအခြေစိုက်မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ် သည် သြဂုတ် ၃ ရက် ည ၇နာရီမှစတင်ပြီး ည ၁၁ နာရီခန့်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့ရာ ဗောဓိကမ်း၊ ခြောက်မိုင်၊ ငါးမိုင်၊ ဘန်လော စသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများ​၏ နေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြိတ်ခရိုင် ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ။ အဲမတိုင်ခင်နေ့ကတော့ ကျနော်တို့ဘက်က သွားပစ်တာပါ။ နောက် နေ့ညနေကျတော့ သူတို့ဘက်ကရမ်းသမ်းလာပြစ်တာပေါ့။ လက်နက်ကြီး (၁၂၀) မမ သုံးပြောင်းနဲ့ (၈၁) မမတစ်ပြောင်း၊ အားလုံး လေးပြောင်း ထောင်ပြီးပစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ တနင်္သာရီမြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်လျှက်ရှိရာ သြဂုတ် ၁ ရက် တစ်ရက်တည်းတင် တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စရဖရုံးနှင့် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုများအပြီး စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများရှိနေသည်ဟုယူဆသော ကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကို အထက်ပါအတိုင်း ပြုလုပ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။