Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော် သေဆုံး

ရထားပို့ဆောင်ရေးဌာန ဝန်ကြီး ဆက်ဒ်ရာဖစ်က ကနဦး စုံစမ်းမှုတွေအရ ရထားဟာ ပုံမှန် သတ်မှတ် မြန်နှုန်းနဲ့ပဲ မောင်းနှင်နေခဲ့တယ်လို့ သိရှိထားကြောင်း ပြောပါတယ်။ ဘယ်လို အမှားအယွင်းကြောင့် အခုလို မတော်တဆမှုမျိုး ဖြစ်သွားသလဲ ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ ဝန်ကြီးက ဆိုပါတယ်။

ပါကစ္စတန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော် သေဆုံး
ပါကစ္စတန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော် သေဆုံး

ပါကစ္စတန် နိုင်ငံမှာ ရထားလမ်းချော် တိမ်းမှောက်မှု တစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းက နာဝက်ဘ်ရှားဟ် မြို့နားက ဆာဟာရ ဘူတာနားမှာ ဟာဇာရာ ရထားပို့ဆောင်ရေးလိုင်းရဲ့ ခရီးသည်တင် ရထားတစ်စီး လမ်းချော် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲတွေက ဒလိမ့်ကောက်ကွေး တိမ်းမှောက်နေပြီး ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေးတွေက အသည်းအသန် ဖြန့်ကျက် ရှာဖွေနေပါတယ်။

ဒဏ်ရာရသူတွေကိုတော့ မြို့ထဲက ဆေးရုံတွေဆီ အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ခရီးသည်တင် ရထားတွဲ ၈ ခုထက် မနည်းလောက် လမ်းပေါ်က ချော်ထွက်သွားတယ်လို့ ပြောပါတယ်။ ဩဂုတ် ၆ ရက်က ဖြစ်စဉ်အပြီး ရထားတွဲတွေထဲမှာ ပိတ်မိနေသူတွေ ရှိနေနိုင်သေးတယ်လို့လည်း ကယ်ဆယ်ရေးတွေက ယုံကြည်နေပါတယ်။

ရထားပို့ဆောင်ရေးဌာန ဝန်ကြီး ဆက်ဒ်ရာဖစ်က ကနဦး စုံစမ်းမှုတွေအရ ရထားဟာ ပုံမှန် သတ်မှတ် မြန်နှုန်းနဲ့ပဲ မောင်းနှင်နေခဲ့တယ်လို့ သိရှိထားကြောင်း ပြောပါတယ်။ ဘယ်လို အမှားအယွင်းကြောင့် အခုလို မတော်တဆမှုမျိုး ဖြစ်သွားသလဲ ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်အပြီး နာဝက်ဘ်ရှားဟ်ရော၊ ကပ်လျက်တည်ရှိတဲ့ ဆင်းဒ်ဟ်မြို့နယ်ထဲမှာပါ အဓိက ဆေးရုံကြီးတွေကို အရေးပေါ် အခြေအနေ ကြေညာပြီး လူနာတွေကို လက်ခံ ကုသစေခဲ့ရပါတယ်။ နောက်ပြီး အဲဒီ မြို့နယ်နှစ်ခုရဲ့ ရထားပြေးဆွဲမှုတွေကိုလည်း ယာယီ ဆိုင်းငံ့ထားစေခဲ့ပါတယ်။

ပါကစ္စတန်မှာတော့ ရထားမတော်တဆမှု သတင်းတွေဟာ ရှားပါးဖြစ်စဉ်မျိုး မဟုတ်တော့ဘူးလို့တောင် သတ်မှတ်နိုင်ပါတယ်။ လောလောလတ်လတ်အဖြစ် ၂၀၂၁ ခုနှစ်တုန်းက ဆင်းဒ်ဟ်မှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှု ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့သလို ဒါဇင် အတော်များများ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၉ နဲ့ ၂၀၁၃ ခုနှစ်တွေတုန်းကလည်း အလားတူ ဖြစ်စဉ်တွေကြောင့် စုစုပေါင်း လူ ၁၅၀ လောက်ထိ အသေအပျောက် ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။