Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအစပ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

နတ္တလင်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ကြက်မနက်ကျေးရွာအနောက်ကုန်းဘက်မှ ပျဥ်းမခေါင် ကျေးရွာမြောက်ဘက်သို့ ဇူလိုင် ၄ ရက် နေ့လယ် ၁ နာရီခန့်က အင်အား(၃၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

▪️ရန်သူ့ဘက်မှ နှစ်ဦးသေဟု MRF- နတ္တလင်း ပြော

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၄) MRF-Nattlin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နတ္တလင်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ကြက်မနက်ကျေးရွာအနောက်ကုန်းဘက်မှ ပျဥ်းမခေါင် ကျေးရွာမြောက်ဘက်သို့ ဇူလိုင် ၄ ရက် နေ့လယ် ၁ နာရီခန့်က အင်အား(၃၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဆိုသည်။ ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း MRF-Nattin က အသိပေးသည်။

Public Service Announcement
Public Service Announcement

“(စစ်ကောင်စီတပ်များ)ရှိသေးတယ်ဗျ။ နှစ်ကြောင်းထိုးတာ တစ်ကြောင်းကတော့ ပြန်ဆုတ်သွားတယ်။ တစ်ကြောင်းကျန်သေးတယ်။ ပဲခူးရိုးမထဲမှာ ရှိနေပါတယ်”ဟု တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်စစ်ကြောင်းအခြေအနေအား MRF-Nattlin မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရသော အင်အား(၃၀)ကျော်ပါစစ်ကြောင်းသည် တိုက်ခိုက်ခံရမှုအပြီး နောက်ပြန်ဆုတ်သွားသော်လည်း အင်အား(၅၀)ဝန်းကျင်ပါ အခြားစစ်​ကောင်စီတပ် စစ်ကြောင်းတစ်ခုမှာ ရိုးမအစပ်၌ ဆက်ရှိနေ၍ ထိတွေ့မှုအချိန်မရွေးဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့်နေရာများ၊ စစ်ကြောင်းထိုးနေသည့် လမ်းပိုင်းများအပါ အဝင် ရန်သူရှိနေသည့်နေရာများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူ များ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အနီးဝန်းကျင်၌ သွားလာနေထိုင်ခြင်းများ မပြုကြရန် MRF-Nattlin က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook