Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီ တပ်ရင်း (၂၂၂) မှ တပ်သားငါးဦးသည်MA 1 သေနတ်နှစ်လက်၊ ကျည်ဆန်များနှင့်အတူ ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အောက်တိုဘာ ၄ ရက်က ၎င်းတို့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ချင်းကာကွယ် ရေးတပ် စင်ထန်(CDF-Senthang) က ထုတ်ပြန်သည်။

စစ်ကောင်စီ တပ်ရင်း (၂၂၂) မှ တပ်သားငါးဦးသည်MA 1 သေနတ်နှစ်လက်၊ ကျည်ဆန်များနှင့်အတူ ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်သည်။

ငါးဦးစလုံးအား လုံခြုံမှုရှိသောနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်းနှင့် ယင်းအစီအစဥ်အတွက် ဒေသတွင်း ချင်း CDFများကလည်း ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအား စွန့်ခွာကာပြည့်သူ့ကာကွယ်ရေးတပ်များထံ လာရောက်ပူးပေါင်းပါက ကျပ်သိန်း ၅၀ ချီးမြှင့်မည့်အပြင် လုံခြုံသော နေရာသို့ ပို့ ဆောင်ပေးမည်ဟု ချင်း CDFနှင့် ဒေသအချို့မှ PDF များက ထုတ်ပြန်ကမ်းလှမ်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။