အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အောက်တိုဘာ ၄ ရက်က ၎င်းတို့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ချင်းကာကွယ် ရေးတပ် စင်ထန်(CDF-Senthang) က ထုတ်ပြန်သည်။
စစ်ကောင်စီ တပ်ရင်း (၂၂၂) မှ တပ်သားငါးဦးသည်MA 1 သေနတ်နှစ်လက်၊ ကျည်ဆန်များနှင့်အတူ ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်သည်။
ငါးဦးစလုံးအား လုံခြုံမှုရှိသောနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်းနှင့် ယင်းအစီအစဥ်အတွက် ဒေသတွင်း ချင်း CDFများကလည်း ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီအား စွန့်ခွာကာပြည့်သူ့ကာကွယ်ရေးတပ်များထံ လာရောက်ပူးပေါင်းပါက ကျပ်သိန်း ၅၀ ချီးမြှင့်မည့်အပြင် လုံခြုံသော နေရာသို့ ပို့ ဆောင်ပေးမည်ဟု ချင်း CDFနှင့် ဒေသအချို့မှ PDF များက ထုတ်ပြန်ကမ်းလှမ်းထားသည်။