Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရိက္ခာတင်သင်္ဘာများ ပစ်ခတ်ခံရ

စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး KLG စစ်ကြောင်း၊ Alpha စစ်ကြောင်းနှင့် Chindwin Brothers PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ကနီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို ၂၀၂၂ အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -ချင်းတွင်းချစ်သူ)
(ကနီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို ၂၀၂၂ အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းလာသော စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘာများနှင့် သစ်တင်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၅ရက်၊ နေ့လည် ၁နာရီ ဝန်းကျင်က မုံရွာနှင့် ဆားလင်းကြီးမြို့နယ်ကြားရှိ ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် လေယာဉ်ဆီနှင့်ရိက္ခာများ သယ်ဆောင်လာသော စစ်ကောင်စီသင်္ဘော လေးစီးအား MRDA၏ စေတန်တပ်ခွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများရှိကြောင်း MRDA က ဆိုသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဆင်ဖြူရှင်တံတားကနေ ဆန်တက်လာတဲ့အဖွဲ့ပါ။ အခုတော့ မုံရွာဝင်သွားပြီ။”ဟု MRDA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၃ ရက် ညနေ ၄နာရီခန့်ကလည်း ယင်းမာပင်မြို့နယ် စည်သူရွာ သစ်ကွင်းရှိ ပြည်သူပိုင် သစ်များ ခိုးယူနေသော အင်အား ၁၀၀ခန့်ပါ စစ်အုပ်စုနှင့် ဖလပ်ခွံရေယာဥ်များကို ULF(တပ်ပေါင်းစု)က (၁၀၇) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် သစ်ခိုးထုတ်နေသော စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“သစ်ကွင်းက ချင်းတွင်းမြစ်အနောက်ဘက်။ ဖလပ်တွေက သစ်ကွင်းနား ကပ်ထားတာဗျ။ သစ်ကွင်းနဲ့မြစ်နဲ့က ကပ်လျက်ပါပဲ။ တိုက်တာက ပြင်ဆင်တာနဲ့ဘာနဲ့ဆိုရင် တစ်နာရီနီးပါးတော့ ကြာမယ်။”ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး KLG စစ်ကြောင်း၊ Alpha စစ်ကြောင်းနှင့် Chindwin Brothers PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ အစုန်၊အဆန်ဖြတ်သန်းလာသည့်အခါတိုင်း မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်​နှင့် ကနီ စသည့် မြို့နယ်တို့တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။