Connect with us

Hi, what are you looking for?

သတင်း

ပင်လယ်ဘူးမြို့နယ်မှ ရွှေမျောတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်မှ ရွှေမျောတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ပင်လယ်ဘူးမြို့နယ် ပုလဲစင်ရွာမှ ရွှေမျောတစ်ခုကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ် ၁၄ရက်တွင် ဝင်ရောင်စီးနင်းခြင်းဖြစ်သည်။

“အရပ်သားတွေကို သတ်သွားတာ။တချို့ကို မီးရှို့သွားတယ်။ အသတ်ခံရတဲ့အထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါတယ်”ဟု ပင်လယ်ဘူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

သတ်ဖြတ်ခံရသူများမှာ ကိုညီညီအောင် ၊ ကိုထက်လှိုင်၊ ကိုရှမ်းလေးနှင့် ကိုယ်ဝန်ဆောင် မဝိုင်းဝိုင်းတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ စီးနင်းတိုက်ခိုက်ပြီးနောက် ပင်လယ်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီဘက်ကထိခိုက်မှုကို မသိရှိရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။