Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လယ်ဘူးမြို့နယ်မှ ရွှေမျောတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်မှ ရွှေမျောတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ပင်လယ်ဘူးမြို့နယ် ပုလဲစင်ရွာမှ ရွှေမျောတစ်ခုကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ် ၁၄ရက်တွင် ဝင်ရောင်စီးနင်းခြင်းဖြစ်သည်။

“အရပ်သားတွေကို သတ်သွားတာ။တချို့ကို မီးရှို့သွားတယ်။ အသတ်ခံရတဲ့အထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါတယ်”ဟု ပင်လယ်ဘူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်းခဲ့သည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

သတ်ဖြတ်ခံရသူများမှာ ကိုညီညီအောင် ၊ ကိုထက်လှိုင်၊ ကိုရှမ်းလေးနှင့် ကိုယ်ဝန်ဆောင် မဝိုင်းဝိုင်းတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ စီးနင်းတိုက်ခိုက်ပြီးနောက် ပင်လယ်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီဘက်ကထိခိုက်မှုကို မသိရှိရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။