Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် တပ်အချိန်းအပြောင်းလုပ်သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်စွဲထားမှုမှာ တစ်နှစ်ကျော်ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(BLACK WOLF - ARMYတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BLACK WOLF - ARMY)
(BLACK WOLF - ARMYတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BLACK WOLF - ARMY)

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တပ်သားအချိန်းအပြောင်းလုပ်သည့် စစ်ကောင်စီတပ်အား သူံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း BLACK WOLF – ARMY၏ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

သြဂုတ် ၁၆ ရက်က ရွှေဘိုမြို့နယ် ကျောက်မြောင်းမှ ဟန်လင်းပျူမြို့ဟောင်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာပို့ရန်နှင့် လူချိန်းရန် လာသည့် အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်အား လက်နက်ကြီး၊ ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးသေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း BLACK WOLF – ARMY ၏ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

ထို့နောက် သြဂုတ် ၁၈ ရက်တွင်လည်းဟန်လင်းပျူမြို့ဟောင်းမှ ကျောက်မြောင်းသို့ လူချိန်းပြီး ပြန်ထွက်ခွာလာသည့် စစ်ကောင်စီအင်အား ၈၀ခန့်အား ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရသွားသည်ဟု BLACK WOLF – ARMYက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒရုန်းတွေနဲ့ချ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခဲ့တာပါ။”ဟု BLACK WOLF – ARMY ၏ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းနှင့်အသုံးအဆောင်ပစ္စည်းအချို့လည်း သိမ်းဆည်းရမိကြောင်း ၎င်းက ပြောသည်။

စစ်ဆင်ရေးများကို BLACK WOLF – ARMY ၊ Who am i – army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊တိုက်နယ်(၄)ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်စွဲထားမှုမှာ တစ်နှစ်ကျော်ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။