Connect with us

Hi, what are you looking for?

သတင်း

ခွင့်ပြုချက်မရှိဘဲ ဒေါ်လာကိုင်ထားရင်အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားငွေ လက်ဝက်ကိုင်ဆောင်ထားရင် ထောင် ၃ နှစ်အထိ ချလို့ရတဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။

ပြည်တွင်းမှာ ကျပ်ငွေ တန်ဖိုး တဟုန်ထိုးကျဆင်းနေချိန် ဒေါ်လာနဲ့ ဘတ်ငွေ တန်ဖိုး တက်လာချိန်မှာ စစ်ကောင်စီ ရဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေကိုင်ဆောင်မှုအပေါ် အရေးယူမယ့်ကြေညာချက်ထုတ်လိုက်တာပါ။

ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ တရားဝင်နည်းလမ်းကနေ ရထားတဲ့ အမေရိကန် ဒေါ်လာ ၁ သောင်းအထိ ဒါမှမဟုတ် ဒေါ်လာ ၁သောင်းနဲ့ တန်ဖိုးညီနဲ့ နိုင်ငံခြားငွေ ကို ၆ လ ပဲ ကိုင်ဆောင်ခွင့်ပြုမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၆ လကျော်ရင်အဲဒီနိုင်ငံခြားငွေကို ငွေလဲကောင်တာတွေမှာ သွားရောင်းရမယ်လို့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကို ကိုးကားပြီး စစ်ကောင်စီက ဖိထားပေးထားတာပါ။

Public Service Announcement

Public Service Announcement

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။

အဲဒီဥပဒေ ရဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်ပိုင်းအရ ထောင်ဒဏ် ၃ နှစ်ထိချလို့ရတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

Facebook