Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် အထိနာသွား​သောစစ်တပ်က ပြည်သူ ၅၀ ဦးခန့်ကိုဖမ်းဆီး၍ စစ်သင်္ဘောဖြင့်ခေါ်​ဆောင်သွား

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(စစ်​ကောင်စီ၏ ​ရေယာဥ်တစ်စီး။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ ​ရေယာဥ်တစ်စီး။ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့နယ်အတွင်း နှစ်ရက်ဆက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာမှ ဒေသခံ လေးဦးအပါအဝင် အရပ်သား ၅၀ ဦးခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးကာ စစ်သင်္ဘောဖြင့်ခေါ်​ဆောင်သွားကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီးတွင်ဩဂုတ်လ၂၀ရက်ရက်နှင့် ဩဂုတ်လ၂၁ရက်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကွင်းကြီးကနေကျောက်မှော်ကို ‌ခြေလျင်ထွက်လာတာ။ ကျောက်မှော်က ရွာသား ခြောက်ဦးကို ဖမ်းခေါ်သွားတယ်။ ရွာစဉ်တလျှောက်ဖမ်းလာတာ ၅၀ နီးပါးရှိတယ်။သင်္ဘောနဲ့ ထီးချိုင့်ဆိပ်ဖက် စုန်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်တပ်က သြဂုတ် ၂၁ ရက်တွင်ဖမ်းဆီးသွား​သော​ကျောက်မှော်ဒေသခံများမှာ ကိုဦး၊ ကိုဟန်တင့်၊ကိုဆန်းမင်းနှင့်ကိုကြက်ဆူတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်ခန့်မှစ၍ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၃၀ ဦးခန့်သာ ကျန်တော့ပြီး ၁၅သည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု သိရသည်။ ဖမ်းဆီးခံထားရသော အရပ်သားများနှင့်ပတ်သက်၍ မြို့ခံများက စိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။