Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ်ပြန်ဆုတ်ခွာချိန် ကျေးရွာရှိပစ္စည်းများခိုးယူသွားဟု ဒေသခံများပြော

သရက်ချောင်းမြို့နှင့် (၂၅)မိုင်ခန့်အကွာတွင်ရှိသည့် ရငဲရွာ၊ မြွေတောင်ပေါ်၌ စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်ဖြင့်လာရောက်တပ်စွဲထားသည်မှာ နှစ်လကျော်ရှိပြီဖြစ်ပြီး သြဂုတ် ၁၉ ရက်ညပိုင်းတွင်မှ တပ်ပြန်ဆုတ်သွားခြင်း ဖြစ်သည်။

(ရငဲရွာ၊ မြွေတောင်ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲခဲ့သောနေရာနှင့် လူသူကင်းမဲ့လျက်ရှိသော ရငဲရွာအတွင်းပိုင်းအား ယခုရက်ပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ - CJ/File Photo)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာ မြွေတောင်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားချိန် ကျေးရွာအတွင်းရှိ နေအိမ်များအားဖောက်ထွင်းကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသွားကြောင်း ရငဲဒေသခံများက People’s Spring သို့ ပြောသည်။

သရက်ချောင်းမြို့နှင့် (၂၅)မိုင်ခန့်အကွာတွင်ရှိသည့် ရငဲရွာ၊ မြွေတောင်ပေါ်၌ စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်ဖြင့်လာရောက်တပ်စွဲထားသည်မှာ နှစ်လကျော်ရှိပြီဖြစ်ပြီး သြဂုတ် ၁၉ ရက်ညပိုင်းတွင်မှ တပ်ပြန်ဆုတ်သွားခြင်း ဖြစ်သည်။

(ရငဲရွာ၊ မြွေတောင်ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲခဲ့သောနေရာနှင့် လူသူကင်းမဲ့လျက်ရှိသော ရငဲရွာအတွင်းပိုင်းအား ယခုရက်ပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ - CJ/File Photo)
(ရငဲရွာ၊ မြွေတောင်ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲခဲ့သောနေရာနှင့် လူသူကင်းမဲ့လျက်ရှိသော ရငဲရွာအတွင်းပိုင်းအား ယခုရက်ပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ – CJ/File Photo)

ထိုသို့ တပ်ပြန်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံပြည်သူများစွန့်ခွာထားခဲ့သည့် ရငဲကျေးရွာအတွင်းမှ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်း၍ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများကို စစ်ကားအကြီးသုံးစီး၊ Vigo ကားတစ်စီးဖြင့် ခိုးယူသယ်ဆောင်သွားခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အိမ်တွေမှာ လိုချင်တာအကုန်ယူကြတာပေါ့။ ကားကြီးတွေနဲ့တင်သွားကြတယ်။ ဆိုးတာက ပြောမနေနဲ့ တစ်ရွာလုံးတော်တော်အထိနာတယ်။ အိမ်တွေအကုန်ဖွင့်ပြီး လိုတာအကုန်ယူကြတော့တာပဲ”ဟု စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားပြီးနောက် ရွာအခြေအနေအားသွားရောက်ကြည့်ရှု့ခဲ့သည့် ရငဲရွာခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

(ရငဲရွာ၊ မြွေတောင်ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲခဲ့သောနေရာနှင့် လူသူကင်းမဲ့လျက်ရှိသော ရငဲရွာအတွင်းပိုင်းအား ယခုရက်ပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ - CJ/File Photo)
(ရငဲရွာ၊ မြွေတောင်ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲခဲ့သောနေရာနှင့် လူသူကင်းမဲ့လျက်ရှိသော ရငဲရွာအတွင်းပိုင်းအား ယခုရက်ပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ – CJ/File Photo)

စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲခဲ့သည့် မြွေတောင်ဘုရားကုန်းပေါ်မှ စခန်းနေရာနှင့် ၎င်းစစ်ကောင်စီတပ်သားများအသုံးပြု၍ ကြွင်းကျန်းခဲ့သည့်အမှိုက်သရိုက်များကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၂၁ရက်တွင် လာရောက်ရှင်းလင်းကာ မီးရှို့ဖျက်ဆီးခဲ့ရကြောင်း ရငဲဒေသခံများက ဆိုသည်။

လက်ရှိတွင် ရငဲရွာ၊ မြွေတောင်ဘုရားကုန်းမှ တပ်ဆုတ်သွားသော စစ်ကောင်စီတပ်သည် ရငဲနှင့် (၁၅)မိုင်ခန့်အကွာတွင်ရှိသည့် သဲချောင်းကြီးရွာနှင့် လယ်စုကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထို့ကြောင့် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရငဲကျေးရွာမှ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်များပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ်ပြီး အများစုမှာ နေအိမ်သို့ မပြန်ရဲကြသေးဘဲ ဆက်လက်ရှောင်တိမ်းနေကြရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။