Connect with us

Hi, what are you looking for?

သတင်း

တကောင်းနယ်တွင် စစ်သင်္ဘောအုပ်စုက မြစ်ဘေးရှိနေအိမ်များအား ပစ်ခတ်

ပစ်ခတ်မှုကြောင့် ပြည်သူများ​၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကာ နွားအပါအဝင် အိမ်မွေးတိရိစ္ဆာန်အချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်အုပ်စု ပစ်ခတ်မှုကြောင့် တကောင်းနယ်အတွင်းမှ ပျက်စီးခဲ့ရသော ပြည်သူများ​၏ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အောင်ဇေယျ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့တွင် စစ်သင်္ဘောရေယာဉ်အုပ်စု ပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၃ရက်) နံနက်ပိုင်းက တကောင်းဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော၆ စီးသည် တကောင်းနယ်အတွင်းရှိ ကံသာဦးနှင့် ဘိုကုန်းကျေးရွာများအပါအဝင် မြစ်ကမ်းဘေး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)က ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူများ​၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကာ နွားအပါအဝင် အိမ်မွေးတိရိစ္ဆာန်အချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“တပ်ရင်း ခလရ(၈၈)က အင်အား ၄၀ကျော်လိုက်ပါလာတယ်လို့ သိရှိထားပါတယ်။”ဟု ကိုထူးခန့်ဇော်က ပြောသည်။

Public Service Announcement
Public Service Announcement

မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ၍ ပျက်စီးသည့် နေအိမ်အရေအတွက်မှာ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ထီးချိုင့်မြို့နယ်အတွင်းသို့ ရောက်ရှိနေ၍ မြစ်ကမ်းဘေးရှိကျေးရွာများအနေဖြင့် လက်နက်ကြီးအန္တရာယ် သတိပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ယင်း စစ်သင်္ဘောများသည် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး ကချင်ပြည်နယ်သို့ ဆန်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌လည်း မင်းကင်းနှင့်မော်လိုက်မြို့နယ်များ၌ စစ်သင်္ဘောအုပ်စု နှစ်စုရောက်ရှိနေ၍ ဒေသခံပြည်သူများအနေဖြင့် ယခုရက်သတ္တပတ်အတွင်း စစ်ရေးအထူးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook