Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ဆားလင်းကြီးတွင် မိုင်းထိ

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

(ဆားလင်းကြီးမြို့တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ဆားလင်းကြီးမြို့တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ယနေ့နံနက်က ဆားလင်းကြီးမြို့နယ်သို့ ဝင်ရောက်လာစဉ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း -၂၈ (ဓါးမဆိုင်းတပ်မတော်)မှ တာဝန်ခံက ပြောသည်။

အင်အား ၇၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ယနေ့(စက်တင်ဘာ ၃၀ရက်) နံနက် ၁၁နာရီခန့်က မြေစွန်းကျေးရွာလမ်းမပိုင်းတွင် သုံးလုံးတွဲပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု တိုက်ခိုက်ရာတွင်ပါဝင်သော ဓါးမဆိုင်းတပ်မတော်မှ မိုင်းတာဝန်ခံ၊ တပ်စိတ်မှူး ကိုမောင်က ပြောသည်။

“မျက်မြင်အနေအထားက‌တော့ ရှေ့က လေးယောက်လဲကျတယ်။‌နောက်က စစ်ကြောင်းကလည်း ဖုန်တွေနဲ့လုံးထွက်သွားတာပဲ”ဟု ကိုမောင်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်း စက်တင်ဘာလလယ်ခန့်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ စက်တင်ဘာ၂၈ရက်က ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကို သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းဖြစ်ကြောင်း ဓါးမဆိုင်းတပ်မတော်တာဝန်ခံ ဗိုလ်စွမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

” ပုလဲနယ် ညောင်ကုန်းအကြွေးကို ဆားလင်းကြီး အဝင်မှာပြန်ယူလိုက်တဲ့ ဓားမဆိုင်းကွ”ဟု ဗိုလ်စွမ်းက ၎င်း၏လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

လတ်တလောတွင် စစ်ရေးအခြေအနေတင်းမာနေပြီး ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းရန်ကို သတိပြုကြရန် ‌ဗိုလ်စွမ်းက ပြောသည်။ အ‌ဆိုပါစစ်ကြောင်းသည် ယနေ့ညနေတွင် ဆားလင်းကြီးမြို့ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေမုဌောဘုရားဝင်းအပါအဝင် နေရာငါးခု၌ ဝင်ရောက်တပ်စွဲနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook