Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက် ရဟတ်ယာဥ်ဖြင့်​ကျေးရွာများကိုပစ်ခတ်

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

(စစ်​ကောင်စီတပ်က ရဟတ်ယာဥွ်ဖြင့်ပစ်ခတ်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရဟတ်ယာဥွ်ဖြင့်ပစ်ခတ်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

▪︎​ဒေသခံပြည်သူ ​ထောင်ချီထွက်​ပြေးတိမ်း​ရှောင်​နေရ

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်၌ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ​​ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်သည်။

ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်စပ်မှ မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး ရောက်ရှိလာသည့် ၁၅စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာလ ၄ရက်) နံနက် ၈နာရီခန့်က တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် အထိနာပြီးနောက် စစ်ကောင်စီတပ်က နံနက် ၁၀ နာရီခန့်တွင် Mi35 ရဟတ်ယာဉ်ဖြင့် အနီးဝန်းကျင်ရှိ​ကျေးရွာများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ‌ဒေသခံများကပြောသည်။

“မတောင့်တနဲ့ဗိုက်သရက်ကို ပတ်ချာလည် တစ်နာရီနီးပါး ပတ်ပစ်တာ။ ဒေသခံတွေအကုန် ထွက်ပြေးကြရတာပဲ။ ထိခိုက်မှုရှိ ၊မရှိက သတင်းမရသေးဘူး” ဟု ဗိုက်သရက်‌ကျေးရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် ထိခိုက်မှုများပြားခဲ့သော်လည်း အသေးစိတ်သတင်းမရကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

ယမန်နေ့(​အောက်တိုဘာ ၃)ကလည်း ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် အုပ်စုလိုက်တက်လာသည့် စစ်ကောင်စီဘက်အောက်ခံရဲတပ်ဖွဲ့ကို ဒေသအခြေစိုက် ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် ရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီအုပ်စုက အင်အားတိုးကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

လတ်တလောတွင်စစ်တပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှု​​နှင့်တိုက်ပွဲများ​ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်ရှိ မတောင့်တ၊ တဲစု၊ လည်ငေါက်၊ရွှေသမင်နှင့်ဗိုက်သရက်ကျေးရွာမှ ဒေသခံပြည်သူ​ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

Facebook