Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် အပြင်ထွက်လာ​သောရဲများကို PDF တိုက်ခိုက် ရဲ ၃ ဦး​သေပြီး ​သေနက် ၃ လက်ရ

ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ULF တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သည်။ ULF တပ်​ပေါင်းစု သည် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ ပူး​ပေါင်းထား​သော တပ်​ပေါင်းစုဖြစ်သည်။

(စစ်​ကောင်စီ၏ ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့သိမ်းဆည်းရရှိ ​သော​သေနက် ၃ လက်နှင့် ကျည်များ။ဓါတ်ပုံ-ချိုမိုင်မိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ )
(စစ်​ကောင်စီ၏ ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့သိမ်းဆည်းရရှိ ​သော​သေနက် ၃ လက်နှင့် ကျည်များ။ဓါတ်ပုံ-ချိုမိုင်မိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ )

ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် အုပ်စုလိုက်အပြင်ထွက်လာသည့် စစ်ကောင်စီလက်​အောက်ခံရဲတပ်ဖွဲ့ကို ဒေသအခြေစိုက် ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှာ ရှိတဲ့ သီတဂူကျောင်းမှာ တပ်စွဲထားတဲ့ ရဲတွေ ခုနစ်ယောက် အပြင်ထွက်လာတာ။ အဲ့ဒါကို ပစ်တာ။ သုံးယောက်သေတယ်။ ဂန်းသုံးလက်ရတယ်”ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ULF တပ်ပေါင်းစုမှပြန်ကြားရေးတာဝန်ခံက ပြောသည်။

လမ်းပေါ်သို့ တက်လာသည့် ရဲတပ်ဖွဲ့ကိုယ‌နေ့(အောက်တိုဘာလ ၃ရက်) နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ ရဲခုနှစ်ဦးတွင် လေးဦးကဆိုင်ကယ်ဖြင့် ဖြစ်ပြီး သုံးဦးက ခြေလျင်လျှောက်လာခြင်းဟု သိရသည်။

Public Service Announcement
Public Service Announcement

ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ULF တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သည်။ ULF တပ်​ပေါင်းစု သည် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ ပူး​ပေါင်းထား​သော တပ်​ပေါင်းစုဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါ တိုက်ခိုက်မှုကို ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များက ခုနစ်မိနစ်အတွင်း အပြီးသတ်တိုက်ခိုက်ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့ထံမှ G3 သေနတ်နှစ်လက်၊ Euzi အမျိုးအစားတစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ULF က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook