Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ယာဥ်တန်းကို တားဆီရန် ​ပေါက်မြို့နယ်မှ ​ချောင်းကူးတံတားတစ်စင်းကို ​တော်လှန်​ရေးအဖွဲ့များမိုင်းခွဲ

တံတားဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံး ကြောင်းခွဲပြီး ပေါက်မြို့နယ် အုန်းတောရွာကို မီးရှို့ဖျက်ဆီးနေ​ကြောင်းလည်းသိရသည်။

(​ပေါက်မြို့ ၊ အုန်​တောရွာနှင့် ​ပေါက်- ပခုက္ကူလမ်းကို Google Map တွင်​တွေ့ရမှု)
(​ပေါက်မြို့ ၊ အုန်​တောရွာနှင့် ​ပေါက်- ပခုက္ကူလမ်းကို Google Map တွင်​တွေ့ရမှု)

ကျောက်ထု နှင့် မင်းတပ်မြို့သို့ ဦးတည်နေသည့်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖြတ်တောက်ရန်အတွက် ပေါက်မြို့နယ်မှ ချောင်းကူးတံတားတစ်စင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲလိုက်သည်။

မကွေးတိုင်း၊ ပခုက္ကူ နှင့်ပေါက်မြို့နယ်ကြားရှိပေါက်-အုန်းတော​တံတားကို ဒေသကာကွယ်​ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၃ရက်တွင် နှစ်ကြိမ်မိုင်းခွဲခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ္ဆေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရိက္ခာယာဉ်တန်းက ကားအစီးပေါင်း ၇၀ ကျော်ပါတယ်။အင်အားတော်တော်များတယ်။ ကျွန်​တော်တို့ တံတားရော လမ်းကိုပါ မိုင်းခွဲထားတယ်။ တံတားကတော့လုံးလုံးကျိုးသွားပြီ” ဟု တစ္ဆေအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ပေါက်-အုန်းတောတံတားသည် သံကူ၊ကွန်ကရစ်တံတားဖြစ်ပြီး ပေ ၁၀၀၀ ခန့်ရှည်သည်။ တံတားသည် လုံးဝ ကျိုးကျသွားပြီးဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်နှင့်ကျောက်ထုဖက်သို့ လညမည့်ယာဉ်တန်းကို တားဆီးရန်အတွက် အဆိုပါ တံတားအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်လိုက်ခြင်းဟု CDF Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ယာဉ်တန်း၌ ကားအစီးရေ ၇၀ ခန့်ပါပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်ပါဝင်သည်။ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာပြီး ပေါက်မြို့နယ်အနီးသို့ ရောက်ရှိနေကြောင်းလည်း သတင်းရရှိသည်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ စစ်ယာဉ်တန်းများသည် ပခုက္ကူ၊ပေါက်၊ ကျောက်ထု၊ မင်းတပ်လမ်းအသုံးပြုကာ အင်အားဖြည့်တင်းလေ့ရှိသည်။ ယခုအခါ လမ်းပိုင်းဖြတ်တောက်ခံရသောကြောင့် ပေါက်မြို့နယ်မှ မကျော်နိုင်ဘဲဖြစ်နေသည်။ ယာဉ်တန်းသည် ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး၌ ရပ်တန့်နေသည်။ တံတားကိုစစ်ကောင်စီနှင့်ပျူစောထီးအင်အားအများအပြားဖြင့် ပြင်ဆင်နေကြောင်း ​တော်လှန်​ရေးအဖွဲ့များကပြောသည်။

“တံတားပြင်နေတယ်ပြောတယ်။ ဘယ်လိုပဲပြင်ပြင်း တစ်လလောက်တော့ ဝေ့လည် ဝေ့လည် ဖြစ်နေမှာ” ဟု CDFမင်းတပ်မှ တာဝန်ရှိသူကပြောသည်။

တံတားဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံး ကြောင်းခွဲပြီး ပေါက်မြို့နယ် အုန်းတောရွာကို မီးရှို့ဖျက်ဆီးနေ​ကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook