Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

ဝက်လက်နှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ ရွှေဘို – မန္တလေး လမ်းပိုင်းယာယီပိတ်ထားပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(သိမ်ချောင်းရွာ၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - File Photo)
(သိမ်ချောင်းရွာ၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သိမ်ချောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက် တိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၂နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှ သိမ်ချောင်းကျေးရွာသို့ အင်အား၇၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့် (၆၀)မမ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းနှင့် ဝက်လက်အခြေစိုက် PDF အဖွဲ့များက ပြောသည်။

ထိုနေ့ မွန်းလွဲ၂ နာရီခန့်ကလည်း အဆိုပါ စစ်ကြောင်းကိုပင် (၆၀)မမ ရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း ကြောင်လက်သည်း Local PDF၏ တာဝန်ခံက ပြောသည်။

ထို့အပြင် အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီခန့်ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

“Fixed Wings ဒရုန်းနဲ့ချတာက တစ်ချိန်တည်း လုပ်တာ။ မြေပြင်က ထုတယ်၊ အပေါ်က အသီးချတယ်။ စစ်ကြောင်းက ထပ်တော့တိုးမလာဘူး။ သိမ်ချောင်းရွာမှာပဲ ငြိမ်နေတယ်။ သိမ်ချောင်းတံတား မကျော်ရဲသေးဘူး။”ဟု ကြောင်လက်သည်း Local PDF၏ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ပြီး နယ်မြေအနေအထားအရ သတင်းထွက်မလာသေးကြောင်း အဆိုပါတပ်ဖွဲ့များက အသိပေးသည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်ကလည်း သိမ်ချောင်းရွာတံတားမှ ဝက်လက်မြို့နယ်ဘက်သို့ ကင်းပုန်းလာဝပ်သည့် စစ်ကြောင်းနှင့် နယ်မြေခံအဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ဝက်လက်နှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ ရွှေဘို – မန္တလေး လမ်းပိုင်းယာယီပိတ်ထားပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။