Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA/PDF ပိတ်ဆို့တိုက်ခိုက်

အောက်တိုဘာ ၂၇ရက် နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယခုတွင် လေကြောင်း ပစ်ကူ လာရောက်နေသည်ဟု ဆိုသည်။

(ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ။ ဓာတ်ပုံ - KIA)
(ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ။ ဓာတ်ပုံ - KIA)

▪️စစ်ကောင်စီတပ် အထိနာ၍ ရဟတ်ယာဉ်ပစ်ကူပေး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၇ရက် နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယခုတွင် လေကြောင်း ပစ်ကူ လာရောက်နေသည်ဟု ဆိုသည်။

“အခု ထီးချိုင့်မှာ ရဟတ်ယာဉ်နဲ့ ပစ်နေတယ်။ KIAနဲ့ PDF ပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်။ ထိပ်တိုက်တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ပြီး တိုက်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟုလည်း ပြောပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

Facebook