Connect with us

Hi, what are you looking for?

သတင်း

‘၁၀၂၇ စစ်ဆင်ရေး’တွင် ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံး အရှိန်မြှင့်ပါဝင်ကြရန် ကရင်နီတပ် KNPP တိုက်တွန်း

စစ်ကောင်စီက နိုင်ငံရေးနယ်ပယ်တွင်ရှိနေသရွေ့ မိမိတို့ လိုလားသည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်နိုင်မည်မဟုတ်၍ရှေးဦးစွာ စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားရေးသည် အခရာကျကြောင်းလည်း KNPPက ထုတ်ပြန်ခဲ့သည်။

'၁၀၂၇ စစ်ဆင်ရေး'တွင် ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံး အရှိန်မြှင့်ပါဝင်ကြရန် ကရင်နီတပ် KNPP တိုက်တွန်း
'၁၀၂၇ စစ်ဆင်ရေး'တွင် ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံး အရှိန်မြှင့်ပါဝင်ကြရန် ကရင်နီတပ် KNPP တိုက်တွန်း

တစ်ပြိုင်တည်းဝိုင်းဝန်း ခုခံတွန်းလှန်မည်ဆိုပါက စစ်အာဏာရှင်စနစ် မလွဲဧကန်ကျဆုံးမည်ဟု အသိပေး

ညီနောင်မဟာမိတ်တပ်များ ဆင်နွှဲနေသည့် ‘၁၀၂၇ စစ်ဆင်ရေး’ကို ကြိုဆိုထောက်ခံကြောင်း ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ယနေ့ ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝန်းတို့မှ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေး၊ စစ်ရေးနှင့် ပိတ်ဆို့မှုအရ တစ်ပြိုင်တည်း ဝိုင်းဝန်း ခုခံတွန်းလှန်မည်ဆိုပါက စစ်အာဏာရှင်စနစ် မလွဲဧကန်ကျဆုံးမည်ဖြစ်ပြီး မိမိနိုင်ငံရေးပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့်’ ၁၀၂၇ စစ်ဆင်ရေး’ကို ကြိုဆိုရင်း ကျန်ရှိနေသေးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးတို့မှလည်း အရှိန်မြှင့်ပါဝင်လာကြရန် အလေးအနက် ဖိတ်ခေါ်ကြောင်း KNPPက ထုတ်ပြန်သည်။

KNPPအနေဖြင့် ကရင်နီပြည်နယ်တွင်သော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်သော်လည်းကောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို စုပေါင်းခေါင်းဆောင်မှုဖြင့် အောက်ခြေမှစ၍ အုတ်မြစ်ချတည်ဆောက်လျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက နိုင်ငံရေးနယ်ပယ်တွင်ရှိနေသရွေ့ မိမိတို့ လိုလားသည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်နိုင်မည်မဟုတ်၍ရှေးဦးစွာ စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားရေးသည် အခရာကျကြောင်းလည်း KNPPက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။