Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်ရှိ မစိုးရိမ်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ရဲဘော် နှစ်ဦးနှင့် ပြည်သူနှစ်ဦးသတ်ဖြတ်သွား

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော်ချစ်တိုးနှင့် ရဲဘော်မှတ်ကြီးတို့ဖြစ်ပြီး သတ်ဖြတ်ခံရသည့် ပြည်သူ နှစ်ဦးမှာ ကိုမောင်မောင်နှင့် မယဉ်အေးတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

ဒေသခံပြည်သူ ၄၀ကျော်လည်း ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ မစိုးရိမ်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးရဲဘော် နှစ်ဦးနှင့် ပြည်သူ နှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) ည ၁၀နာရီခန့်က စစ်ကောင်စီတပ်သည် ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ရှိ မစိုးရိမ်ကျေးရွာအားဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ပြည်သူ နှစ်ဦး ပစ်သတ်ခံရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“မစိုးရိမ်ရွာထိပ်က ကင်းစောင့်တော်လှန်ရေးရဲဘော် နှစ်ဦးကို လည်လှီးဖြတ်သတ်သွားခဲ့ပြီး

မစိုးရိမ်ရွာကို လက်နက်ကြီးနဲ့ရော စက်လက်နက်နဲ့ပါ တရစပ်ပစ်ခတ်ဝင်ခဲ့တယ်။ ကျေးရွာအတွင်းက ပြည်သူတွေဖမ်းဆီးခံလိုက်ရတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူတွေထဲက ၂ဦးလည်း ခေါင်းဖြတ် သတ်ဖြတ်ခံရတယ်။”ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော်ချစ်တိုးနှင့် ရဲဘော်မှတ်ကြီးတို့ဖြစ်ပြီး သတ်ဖြတ်ခံရသည့် ပြည်သူ နှစ်ဦးမှာ ကိုမောင်မောင်နှင့် မယဉ်အေးတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မစိုးရိမ်ရွာမှ ပြည်သူ ၄၀ကျော်ကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး‌ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ်ရှိ ကျေးရွာများမှ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းပြည်သူများအတွက် စားနပ်ရိက္ခာများကူညီပေးနေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ယင်းစစ်ကြောင်းသည် ဒီပဲယင်းနယ်အနောက်ခြမ်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်မှ ၂၈ရက်အထိ ၈ရက်ကြာ စစ်ကြောင်းထိုးဝင်ပြီး ဒေသခံပြည်သူ ၈ဦးထက်မနည်း သတ်ဖြတ်ကာ ပြည်သူ၂၀ကျော်ကိုလည်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို